close

ချေးငွေပြန်ဆပ်ရန် CDM အခွန်ဝန်ထမ်းအချို့ ဖိအားပေးခံနေရ

ပြည်တွင်းအခွန်များဦးစီးဌာနရှိ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတစ်ချို့ လုပ်ငန်းခွင်မဝင်တဲ့အတွက် ချေးငွေ ပြန်ဆပ်ဖို့ ဖိအားပေးခံနေရတယ်လို့ သိရပါတယ်။ 

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) တွေကို ၂ လစာ အတိုးမဲ့နဲ့ ကြိုတင်ထုတ်ချေးထားတဲ့ ချေးငွေတွေကို ပြန်လည်ပေးဆပ်ဖို့ မလိုတဲ့ ချီးမြှင့်ငွေအဖြစ် သတ်မှတ်ကြောင်း CRPH က မတ် ၈ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။ 

ပြည်တွင်းအခွန်က ဝန်ထမ်းတစ်ဦးက “ကျနော်တို့ အသိအမှတ်မပြုထားတဲ့ စစ်ကောင်စီက တောင်းတာကို ဘယ်လိုမှ ပြန်မဆပ်နိုင်ဘူး။ CRPH ကလည်း ဒီချေးငွေတွေကို ပြန်ဆပ်စရာ မလိုဘူး၊ ချီးမြှင့်ငွေ အဖြစ်ပေးတာလို့ ပြောထားတယ်။ တကယ်လို့ ကျနော်တို့ အစိုးရပြန်တက်လာရင် ချေးငွေ ပြန်ဆပ်ရမယ်ဆိုလည်း ပြန်ဆပ်မယ်။ စစ်ကောင်စီကိုတော့ မပေးနိုင်ဘူး” လို့ ပြောပါတယ်။ 

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုတွေအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) တွေကို လစာ ၂ လစာ ကြိုတင်ထုတ်ပေးခဲ့ပြီး ၂၀၂၀ အောက်တိုဘာလကစပြီး ဆိုင်းငံ့ ၆ လ၊ ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ပြီး ထုတ်ချေးပေးခဲ့တာ ဖြစ်ပါတယ်။ 

CDM လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေဟာ လုပ်ငန်းက ထုတ်ပယ်ခံရပြီး အတိုးမဲ့ ထုတ်ချေးထားတဲ့ ၂ လစာကို မေလကုန် နောက်ဆုံးထားပြီး ပြန်ဆပ်ဖို့ ဖိအားပေးနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up