ဝိုင်းမော်မြို့တွင် လူငယ် ၄ ဦး ဖမ်းဆီးခံရ

2
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ မေ ၁၉ ရက်က လူငယ် ၄ ဦးကို အမည်မသိ လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
မြို့ပေါ်အမှတ် ၃ ရက်ကွက်က တက်တူးဆိုင်မှာ ရှိနေစဉ် မနေ့ညနေ ၆ နာရီလောက်က ကားတစ်စီးနဲ့ အရပ်၀တ်လက်နက်ကိုင်တွေက ဖမ်းဆီးသွားတာဖြစ်ပြီး ဘာကြောင့် ဘယ်ကိုခေါ်သွားတာလဲဆို တာမသိရှိဘူးလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အသက် ၂၀ အောက် ကချင်လူငယ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။