close

ပင်လည်ဘူးမြို့နယ် အန်အယ်လ်ဒီအမတ်နှင့် ဒေသခံ ၃ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ် တိုင်းဒေသကြီးအမှတ်(၂) ကိုယ်စားလှယ် ဦးသန်းလှိုင်နဲ့  ဒေသခံ ၃ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဒီကနေ့ မေလ ၂၀ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။ 

မြို့နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ကျေးရွာတစ်ရွာနားမှာ  ရှောင်နေရင်း ဒီနေ့ မနက်ပိုင်းမှာ အကြမ်းစစ်တပ်တွေ မတရားဖမ်းဆီးသွားတာလို့ သူ့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။  

သူနဲ့အတူ ဒေသခံ အရပ်သား ၃ ယောက်လည်း ဖမ်းဆီးခံရပြီး ဘာကြောင့်ဖမ်းဆီးတယ် ဘယ်ခေါ်သွားတယ်ဆိုတာကိုတော့ မသိရသေး ပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up