close

နိုင်ငံပေါင်း ၂၀ က မြန်မာသံတမန် ၁၀၀ ခန့် ပြန်လာရန် စစ်ကောင်စီအမိန့်ထုတ်

photo-japantimes

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လူထုအာဏာဖီဆန်မှု စီဒီအမ်ကို ထောက်ခံတဲ့ မြန်မာသံတမန်အယောက် ၁၀၀ လောက်ကို မြန်မာနိုင်ငံပြန်လာကြဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားတယ်လို့ အင်တာနက်ကနေ ပေါက်ကြားလာတဲ့ သတင်းတွေအရ သိရပါတယ်။ 

ဒါပေမယ့် တချို့သံတမန်တွေက အမိန့်ကို မလိုက်နာဘဲ သူတို့ကို တာဝန်ချထားတဲ့ နိုင်ငံတွေမှာ ဆက်လက်နေထိုင်ပြီးတော့ မြန်မာနိုင်ငံက ဒီမိုကရေစီအင်အားစုတွေကို ထောက်ခံ ပြောဆိုပေးကြပါတယ်။

 မြန်မာနိုင်ငံကို ပြန်လာဖို့ အမိန့်ထုတ်ခံထားရတဲ့ သံတမန်တွေဟာ ဂျပန်၊ အမေရိကန်၊ ဗြိတိန်နဲ့ စင်ကာပူအပါအ၀င် နိုင်ငံပေါင်း ၂၀ တို့မှာ တာဝန်ထမ်းဆောင်နေကြတာပါ။

 စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး တာဝန်တွေကို သပိတ်မှောက်ခဲ့တဲ့ တိုကျိုရှိ မြန်မာသံရုံးမှ သံတမန် ၂ ယောက်ကို စစ်တပ်က ရာထူးကနေ ဖယ်ရှားခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က သံတမန်အသိုင်းအဝိုင်းမှာ ပြောနေကြပါတယ်။ 

ဖေဖော်ဝါရီ ၂၆ ရက်ကပြုလုပ်ခဲ့တဲ့ U.N အထွေထွေညီလာခံရဲ့ အလွတ်သဘော အစည်းအဝေးမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ သူ့ကို ရာထူးမှဖြုတ်ချတာကို လျစ်လျူရှုခဲ့ပြီး မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုများကို ကူညီပံ့ပိုးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့ပါတယ်။ 

အမေရိကန်ပြည်ထောင်စုရှိ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဒေါ်သက်ထားမြရည်စံဟာ ဧပြီ ၂၉ ရက်ထုတ် ဝါရှင်တန်ပို့စ်သတင်းစာထဲမှာ သူနဲ့ သံရုံးမှာနေထိုင်တဲ့ တခြားသံရုံးဝန်ထမ်း ၃ ယောက်တို့ဟာ စစ်အစိုးရကို ဆန့်ကျင်ကြောင်း ကြေညာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရေးသားထား ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up