close

“တော်လှန်ရေးထဲ ပါဝင်ဖို့လာတဲ့သူတွေကို လေးစားကြိုဆိုပါတယ်”-အလှမယ် ထားထက်ထက်

Photo : Htat Htet Htet

တော်လှန်ရေးနယ်မြေတခုထဲမှာ ရောက်ရှိနေတဲ့ အလှမယ် ထားထက်ထက်က စစ် အာဏာရှင်ဆန့်ကျင်တော်လှန်ရေးထဲ ပါဝင်ဖို့ လာတဲ့သူတွေကို လေးစားကြိုဆိုကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်ကတဆင့် ရေးသားထားပါတယ်။

“ဒီစခန်းမှာ ကျမရှိတယ်ဆိုပြီးပြောလို့ တော်လှန်ရေးထဲ ပါဝင်ဖို့လာတဲ့ သူတွေကို လေးစားကြိုဆိုပါတယ်။ နောက်ပြီး ဒီစခန်းမှာ ကျမရှိနေတယ်ဆိုလို့ လှူဒါန်းပေးကြတဲ့ အလှူရှင်များ အားလုံးကိုလဲ တကယ်လေးစားကျေးဇူးတင်ပါတယ်”

ဒါ့အပြင် သူ့အနေနဲ့ အဆုံးသတ်တိုက်ပွဲအတွက် ပြင်ဆင်လေ့ကျင့်နေကြသူတွေကို လည်း အလွန်လေးစားကျေးဇူးတင်သလို အောင်ပွဲရတဲ့အထိ တော်လှန်ရေးထဲ ပါဝင်ပေး ကြဖို့ တိုက်တွန်းထားပြီး စေတနာနဲ့ ပေးလှူတဲ့ အလှူရှင်တွေကိုလည်း အရင်အတိုင်း ဆက်လက်ထောက်ပံ့ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

“ဘာလို့လဲဆိုတော့ စစ်သင်ခန်းစာ လေ့ကျင့်နေတဲ့ စခန်းတိုင်းက အရာရာ လိုအပ်နေကြလို့ပဲ ဖြစ်ပါတယ်။ အလှူရှင်၊ စေတနာရှင်တို့ရဲ့ အလှူတွေက လေ့ကျင့်ကြိုးစားနေ သူတွေအတွက် တကယ်လိုအပ်တဲ့ အာဟာရနဲ့ စိတ်ခွန်အားကို ရရှိစေတဲ့အတွက် အကျိုး ရှိစေလို့ပဲ ဖြစ်ပါတယ်။ ထားထက်ကို စခန်းတိုင်းမှာရှိနေတယ်လို့ သဘောထားစေချင်ပါ တယ်”

ဒါ့အပြင် ထားထက်ထက်က တော်လှန်ရေးကို အကြောင်းပြပြီး လူသစ်စုဆောင်း အမြတ်ထုတ်တာတွေနဲ့ အလှူငွေ၊ အလှူပစ္စည်းအပေါ်တခြားသော ပုဂ္ဂိုလ်ရေး အသုံးချမှု တွေရှိလာခဲ့ရင်လည်း သေချာစိစစ်ပြီး တော်လှန်ရေးသန့်စင်မှုလုပ်ကြဖို့လည်း အကြံပြုထားပါတယ်။

အလှမယ် ထားထက်ထက်ဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင် ချိန်တည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်ကာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက် ဖြစ်ပြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up