A d v e r t i s e m e n t With Us

close

ကမမောင်း – ဖာပွန်ကားလမ်း ပိတ်ဆို့ထားသဖြင့် ဒေသခံများ အခက်အခဲကြုံ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ( မူတြော်ခရိုင်)  ကမမောင်း - ဖာပွန်သွား ကားလမ်းမကို ပိတ်ဆို့ထားတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ကျေးရွာတာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထိန်းချုပ်နယ်မြေအတွင်း နှစ်ဖက် တိုက်ပွဲတွေကြောင့် မတ်လကစတင်ပြီး ကုန်းလမ်းအပြင် ရေကြောင်းလမ်းကိုပါ ပိတ်ဆို့ထားတဲ့ အတွက် ဒေသခံတွေအနေဟာ အခက်အခဲတွေနဲ့ ကြုံတွေနေရတာပါ။ 

"လမ်းက ပိတ်ဆို့ထားတယ်။ နေ့တိုင်း တိုက်ပွဲဖြစ်နေတယ်။ ခရီးသွားလည်းမရ။ ဘယ်သူမှ သွားလို့မရဘူး။ လိုအပ်တာကို ကြံဖန်ရှာဖွေစားသောက်နေရတယ်။ ကုန်စျေးနှုန်းတွေကတက်။ အလုပ်ကမရှိ။ လူမှုစီးပွား အကုန်လုံးဒုက္ခရောက်ကုန်ပြီ "လို့ ကျေးရွာတာဝန်ခံတစ်ဦးက  ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလမ်းပိတ်ဆို့ထားတဲ့ကြားက ဘားအံမြို့ကို စျေးဝယ်သွားတဲ့ကားတစ်စီးနဲ့ မော်တော်ဆိုင်ကယ်တစ်စီးကို ရေပူကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်က ပစ်ခတ်တားဆီးခဲ့ပါတယ်။

ဒေသခံတွေအနေနဲ့ စားသောက်ရေးအတွက် မိမိတို့ပိုင် ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်ရာမှာ နှစ်ဖက်တိုက်ပွဲအပြင် မြေမြုပ်မိုင်းအန္တရာယ်ကိုပါ စိုးရိမ်နေရပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)ထိန်းချုပ်နယ်မြေအတွင်း မတ်လက စတင်ပြီး တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ၊ စစ်ရေးလှုပ်ရှားမှုတွေ၊ လေကြောင်း ပစ်ခတ်မှုတွေအပြင် နယ်ခြားစောင့်(BGF) တပ်တွေကပါ ဝင်ရောက်လှုပ်ရှားနေတဲ့အတွက် ဒေသခံ ၂၀၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up