လောင်းလုံးတွင် စစ်အာဏာရှင်ကို ဆက်လက် ဆန္ဒပြ






2
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ ပင်မသပိတ်စစ်ကြောင်းနဲ့ ညင်းမော်ရွာ သပိတ်စစ်ကြောင်း နှစ်ခု ပူးပေါင်းပြီး မေလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ဆန္ဒဖော်ထုတ်ခဲ့တဲ့ ပြည်သူတွေကတော့ စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ ပြည်သူတစ်ရပ်လုံး တော်လှန်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်က ပြည်သူတွေဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို လက်မခံကြောင်း သပိတ်မျိုးစုံပြုလုပ်ပြီး နေ့စဉ် ရက်ဆက် တော်လှန်နေကြတာပါ။