close

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတွင်တိုက်ပွဲဖြစ် စစ်ကောင်စီ ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ နမ့်ဖတ်ကာ အခြေစိုက်  ခမရ (၁၂၃) တပ်နဲ့  ‌မြောက်ပိုင်း တိုင်းရင်းသားမဟာမိတ်တပ်တွေအကြား မေလ ၃၁ ရက် ဒီနေ့မနက်က တိုက်ပွဲဖြစ်ရာမှာ     စစ်ကောင်စီတပ်က  ဒုရင်းမှူးအပါအဝင်  ၁၁ ယောက်သေဆုံးသွားပါတယ်။

နမ့်ဖတ်ကာတိုက်နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ် ခမရ(၁၂၃) ၊ နမ့်ခိုင်တံတား၊ နားနွယ်၊ ပန်ကိုင်လမ်းခွဲစတဲ့နေရာ‌တွေကို MNDAA(ကိုးကန့်)၊ TNLA (တအာင်း )၊ AA (ရက္ခိုင့်တပ်တော်)တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အခုရက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့မှာ  ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုတွေလည်း မကြာခဏဖြစ်ပွားနေပြီး နှစ်ဘက် အထိခိုက်ကျဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

ဓာတ်ပုံ- ‌FB

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up