close

ကလေးမြို့နယ်၊ သာစည်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် PDF ပစ်ခတ်မှုဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား  မေလ ၃၁ ရက် ဒီနေ့မနက်က ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီလက်နက်ကိုင် တပ်ဖွဲ့ဝင်  ၃ ယောက် သေဆုံးသွားပါတယ်။

သာစည်ကျေးရွာမှာ တိမ်းရှောင်နေတဲ့ CDM ဝန်ထမ်းတွေကို  ရဲနဲ့စစ်တပ်က လိုက်ဖမ်းဆီးရာကနေ  နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒေသခံ ရွာသားတစ်ယောက်က “CDM ဝန်ထမ်းတွေ အဲဒီမှာ လာရောက်တိမ်းရှောင်နေတဲ့လူတွေ စစ်တပ်လိုက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ဒလန်တွေကလည်း နာမည်စာရင်းနဲ့ အတိအကျတိုင်တာတွေရှိတယ်”လို့ ပြောပါတယ်။ 

သာစည်ရွာ ရွာထဲမှာ အကြမ်းဖက်စစ်တပ်က  နေအိမ်တွေထဲ ဝင်ရောက်ဖမ်းဆီးရာမှာ ဖမ်းဆီးခံရတဲ့ ပြည်သူ ၉  ယောက်လောက်ရှိတယ်လို့လည်း ဒေသခံရဲ့  ပြောပြချက်အရ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up