close

ရန်ကုန် မြို့နယ်အချို့တွင် စည်ပင်က ရေခွန်နှင့် အမှိုက်ခွန်များ လိုက်ကောက်နေ

ရန်ကုန်မြို့တော်စည်ပင်သာယာဝန်ထမ်းတွေက ဗိုလ်တစ်ထောင်မြို့နယ်နဲ့ ပုဇွန်တောင်မြို့နယ်တွင်းက နေအိမ်တွေကို  အမှိုက်ခွန်နဲ့ ရေခွန်တွေ ဇွန်လ ၃ ရက်နေ့မှာ လိုက်လံ ကောက်ခံနေပါတယ်။

အရင်မဆောင်ထားတဲ့ အခွန်တွေအပြင် ၆ လစာ ကောက်ခံနေတာဖြစ်တယ်လို့  ပုဇွန်တောင်မြို့နယ်က ပြည်သူတစ်ဦးက ပြောပါတယ်။

“ဝန်ထမ်းလေးဦးလောက်နဲ့ လာကောက်နေတာ။ ရုတ်တရက်ကြီး ခြောက်လစာ ရေခွန် အမှိုက်ခွန်ပေးပါလို့ပြောတယ်။ အမတို့လည်း ပိုက်ဆံတွေလည်း ထုတ်မရဘူး။ ၆ လစာလည်း မဆောင်နိုင်ဘူးလို့ ပြောလိုက်တယ်။ အဲ့တော့ တစ်လစာလောက်တော့ ဆောင်ပေးပါဆိုလို့ တစ်လစာပဲ ဆောင်ပေးလိုက်တယ်” 

​ဇွန်လ ၃ ရက် နေ့လည်မှာ စည်ပင်ဝန်ထမ်း သုံးဦးလောက်က အထပ်မြင့် တိုက်ခန်းတွေအထိပါတက်ပြီး အခွန်ငွေတွေ လိုက်လံကောက်ခံနေတာဖြစ်ပါတယ်။  ဇွန်လ ၂ ရက်နေ့ကလည်း ရန်ကုန် တာမွေမြို့နယ်မှာ စည်ပင်ဝန်ထမ်းတွေက ရေခွန်တွေ လိုက်လံ ကောက်ခံနေပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်တဲ့ အနေနဲ့  အကြမ်းဖက် စစ်အုပ်စုရဲ့ ဝင်ငွေရလမ်းတွေ ဖြစ်တဲ့ ရေခွန်နဲ့ မီတာခအပါအဝင် အခွန်အခတွေ မပေးဆောင်ကြဖို့ တိုက်တွန်း နှိုးဆော်တဲ့ လှုပ်ရှားမှုတွေလည်း ရှိနေပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up