close

ရေးမြို့ အလက (၂) ကျောင်းရှေ့ ဆိုင်ကယ်ဖြင့် ဗုံးလာပစ်သွား

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ အလက (၂) ကျောင်းမှာ ဇွန် ၃ ရက်နေ့ မနက် ၉ နာရီလောက်မှာ အမည်မသိ လူငယ် ၂ ယောက် ဆိုင်ကယ်စီးလာပြီး ဗုံး ၁ လုံး လာရောက်ပစ်သွားခဲ့တယ်လို့ ဒေသခံတွေ့ထံက သိရပါတယ်။

ပေါက်ကွဲစေတဲ့ လက်လုပ်မိုင်းလိုအရာမျိုး တွေ့ရှိခဲ့လို့  ရပ်ကွက်နေ တာဝန်ရှိသူတွေက ဆက်သွယ်အကြောင်းကြားပြီးနောက် စစ်တပ်က ချက်ချင်းရောက်လာပြီးတော့ ဗုံးလို့ ယူဆရတဲ့အရာကို ဖယ်ရှားသွားခဲ့သလို ကျောင်းရှေ့လမ်းတွေကိုပါ ပိတ်ဆို့ပြီး စစ်ဆေးနေတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

အဆိုပါ ကျောင်းမှာအခုပညာသင်နှစ် ကျောင်းသား အယောက် ၂၀ လောက် တက်ရောက်နေပြီး အရင် ပညာသင်နှစ်တွေမှာဆိုရင် ကျောင်းသား  ၅ဝဝ နဲ့ ၇၀၀ ကြားလောက် ပညာသင်ကြားနေပါတယ်။

ပြီးခဲ့တဲ့မေလအတွင်း ရေးမြို့နယ်မှာ   လမိုင်းမြို့  အထက၊ မော့ကနင်ကျေးရွာ  အထက၊ စံပြကျေးရွာ  မူလတန်း ကျောင်းတွေမှာ ဗုံး ၃ ကြိမ် ပေါက်ထားပြီးဖြစ်ပါတယ်။ 

ရေးမြို့နယ်အတွင်း အခြေခံပညာစာသင် ကျောင်းတွေမှာ ဗုံးပေါက်တဲ့ဖြစ်စဉ်တွေနဲ့ပတ် သက်ပြီးတော့  ပြည်သူတွေ အထင်မြင်လွဲမှားစေမယ့်  အရာမျိုးနဲ့ အကြမ်းဖက်လုပ်ရပ်မျိုးကို ဘယ်တော့မှ လုပ်ဆောင်သွားမည်မဟုတ်ကြောင်း ဇွန် ၁ ရက်နေ့က ရေးမြို့နယ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up