close

မြန်မာစစ်ခေါင်းဆောင်များကို နောက်ထပ်ဒဏ်ခတ်အရေးယူရန် မရှိဟု ဩစတြေးလျ ဝန်ကြီးပြော

မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် ဩစတြေးလျက အရေးယူဒဏ်ခတ်လိုက်ရင် မြန်မာစစ်တပ်အပေါ် ဩဇာလွှမ်းမိုးမှုဟာ အကန့်အသတ် ရှိသွားမှာဖြစ်လို့ ကမ္ဘာ့မဟာမိတ်နိုင်ငံတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေကို နောက်ထပ်ဒဏ်ခတ်အရေးယူမှုတွေလုပ်ဖို့ မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး Marise Payne က ပြောကြားလိုက်ပါတယ်။

ဒီနေ့အထက်လွှတ်တော် ကြားနာမှုအတွင်း အထက်လွှတ်တော်အမတ် Payne က သြစတြေးလျရဲ့ အနေအထားကို ကာကွယ်ပြောဆိုသွားတာပါ။

သြစတြေးလျအစိုးရဟာ သူ့ကိုယ်ပိုင် အမျိုးသားအကျိုးစီးပွား နဲ့ ဩစတြေးလျရဲ့ ဒေသနဲ့ မြေပြင်အခြေအနေတွေ အပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချခဲ့တာလို့ လွှတ်တော်အမတ် Payne က  ပြောပါတယ်။ 

ဒီအရေးအပေါ် အာဆီယံ ဦးဆောင်တဲ့ ဖြေရှင်းမှုနဲ့ အာဆီယံက ဆောင်ရွက်ထားတဲ့ ကြိုးပမ်းမှုတွေကို ထောက်ပံ့အားပေးဖို့က ဩစတေးလျအကျိုးစီးပွားလို့လည်း  ဆိုပါတယ်။ 

ဒဏ်ခတ်ပိတ်ဆို့မှုတွေက အမျိုးသားအကျိုးစီးပွားအတွက် သင့်တော်တဲ့အကြောင်းကိစ္စဖြစ်ရင် ဆန်ရှင်လုပ်ဖို့ ဆုံးဖြတ်ချက်ချမှာပါလို့လည်းပြောပါတယ်။  Payne ရဲ့ပြောဆိုချက်တွေကို တခြားအမတ်တွေက အလုံးစုံ သဘောမတူကြပါဘူး။ 

ဂရင်းပါတီမှ အထက်လွှတ်တော်အမတ် Janet Rice က အဓိကကျတဲ့ နိုင်ငံတကာ မဟာမိတ်တွေရဲ့ ဦးဆောင်မှုကိုလိုက်နာဖို့ ပျက်ကွက်တဲ့အပေါ် အစိုးရကို ဝေဖန်ခဲ့ပါတယ်။ အရပ်ဖက်လူ့ အဖွဲ့အစည်းများရဲ့ တောင်းဆိုချက်တွေကို ဖယ်ထုတ်ထားခြင်းအတွက် အလွန်အမင်း စိတ်ပျက်စရာကောင်းတယ်လို့လဲ ပြောဆိုပါတယ်။

လူ့အခွင့်အရေးကော်မရှင်ဟောင်း ခရစ္စ ဆီတိုဒီကတော့ စီးပွားရေးပိတ်ဆို့မှုတွေကို အကောင်အထည်ဖော်ဖို့ အစိုးရကို တိုက်တွန်းခဲ့ပြီး အရေးယူရတော့မယ့်အချိန်ရောက်ပြီ ပြန်သုံးသပ်ဖို့ မလိုတော့ဘူး လို့ ပြောထားပါတယ်။

ယူအက်စ်၊ ယူကေ၊  ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က စစ်ခေါင်းဆောင်တွေနဲ့ တခြား အရေးပါတဲ့ ပုဂ္ဂိုလ်တွေကို အရေးယူထားခဲ့ပြီး၊ ပြီးခဲ့တဲ့လက အရပ်ဘက်လူ့အဖွဲ့အစည်း ၄၀၀ နီးပါးကလည်း ဩစတြေးလျ အစိုးရရဲ့ ရှက်စရာကောင်းတဲ့ လျစ်လျူရှုမှု ကို ပြစ်တင်ရှုံ့ချထားပါတယ်။ 

ဩစတြေးလျအစိုးရအနေနဲ့ကတော့ စစ်တပ်ကနေ အကူအညီတွေ ဖယ်ရှားခြင်း၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းခြင်းနဲ့ အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အေဂျင်စီကို ဒေါ်လာ ၅ သန်း ထောက်ပံ့ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up