ယင်းမာပင်မြို့နယ်တွင် အမျိုးသမီး ၁ ဦး အကြမ်းစစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံး

2
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာမှာ ဇွန်လ ၅ ရက် မနက် ၃ နာရီဝန်းကျင်က အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့်အမျိုးသမီး တစ်ယောက် သေနတ်မှန် သေဆုံးခဲ့ပါတယ်။
ဒီမနက် ၃ နာရီက အရပ်ဝတ်နဲ့ အကြမ်းစစ်တပ်တွေ အင်အား ၃၀ လောက်နဲ့ ကျေးရွာအတွင်းကို အကြမ်းဖက် ၀င်ရောက် မွှေနှောက်ပြီးပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးသေဆုံးသွားခဲ့လို့ ဘန့်ဘွေးဒေသခံတစ်ဦးကပြောပါတယ်။ ဘယ်နှစ်ယောက်ဖမ်းဆီးခံရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။