close

မကွေးတိုင်းဝန်ကြီးချုပ်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် ချ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ဇွန် ၇ ရက်မှာ  ထောင်ဒဏ် ၂ ချမှတ်လိုက်တယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

ဒေါက်တာအောင်မိုးညိုကို ဖေဖော်ဝါရီ ၁ ရက်မှာ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နေအိမ်အကျယ်ချုပ်ကနေ မကွေးအကျဉ်းထောင်ကို ရောက်ရှိသွားတာပါ။

သူ့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ၊ဘေးစီမံ ပုဒ်မ-၂၅တို့နဲ့ တရားစွဲခဲ့တာဖြစ်ပြီး ဒီကနေ့မှာ ပုဒ်မ - ၅၀၅ (ခ)အတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

မကွေးမြို့မှာ အကြမ်းဖက်စစ်ကောင်စီက ဝန်ကြီးချုပ်အပါဝင် တိုင်းဒေသကြီးဝန်ကြီးတွေ၊ ကျောင်းသားတွေနဲ့ ဒေသခံပြည်သူ ရာဂဏန်းအထိ ဖမ်းဆီးတရားစွဲဆိုထားပြီး သူ့တို့အတွက် မကွေးမြို့နယ်ရှေ့နေများအသင်းက အခမဲ့ လိုက်ပါအကျိုးဆောင်ပေးနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up