အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူ ၃ သိန်းခွဲကျော်ရှိလာ

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ ပြင်းထန်နေတဲ့ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ဒီရောဂါနဲ့ သေဆုံးသူပေါင်း ၃ သိန်းခွဲကျော်၊ ကူးစက်ခံရသူပေါင်း ၂၉ သန်းနီးပါးရှိလာခဲ့ပြီ ဖြစ်ပါ တယ်။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၁၇၄ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပြီး သေဆုံးသူပေါင်း ၃ ဒသမ ၇ သန်းကျော်နဲ့ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူ အရေအတွက်ကတော့ ၁၅၇ ဒသမ ၃ သန်းကျော် ရှိနေတာပါ။
ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၄ သန်းကျော်၊ သေဆုံးသူ ၆ သိန်းကျော်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၂၉ သန်းနီးပါး၊ သေဆုံးသူ ၃ သိန်းခွဲကျော်၊ သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၁၇ သန်းနီး ပါးနဲ့ သေဆုံးသူ ၄ သိန်း ၇ သောင်းကျော်စီနဲ့ ရှိနေတာ ဖြစ်ပါတယ်။
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံ ပေါင်းကတော့ ၂၈ နိုင်ငံထိ ရှိလာခဲ့ပြီး သိန်းချီသေဆုံးတဲ့ နိုင်ငံပေါင်းကတော့ ၉ နိုင်ငံ ရှိပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။
ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၁ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံ အလိုက် အမှတ်စဉ် ၉၈ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။
အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါသန်းချီ ကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အီရတ်နိုင်ငံတွေပြီးရင် ပါကစ္စတန်နိုင်ငံက ရောဂါကူးစက်ခံရသူ ၉ သိန်းကျော်၊ အစ္စရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ က ရောဂါကူးစက်ခံရသူ ၈ သိန်းကျော်စီ၊ ဂျော်ဒန်နဲ့ ဂျပန်နိုင်ငံတွေက ၇ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၄,၄၅၆ ယောက်၊ သေဆုံးသူ ၃,၂၂၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃၂,၅၂၅ ယောက်ရှိနေပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအ များဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၆ သိန်း ၂ သောင်းကျော်နဲ့ သေဆုံးသူ ၃,၄၆၀ ယောက် ရှိပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁ သိန်း ၈ သောင်းနီးပါးနဲ့ သေဆုံးသူ ၁,၂၆၉ ယောက် ရှိနေပါ တယ်။
စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆၂,၀၀၀ ကျော်နဲ့ သေ ဆုံးသူအရေအတွက် ၃၃ ယောက်ရှိနေတာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၆၆ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈,၉၈၃ ယောက်နဲ့ သေဆုံးသူအရေအတွက် ၅၃ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၄၄ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေ တာပါ။
လာအိုနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၁,၉၆၈ ယောက်နဲ့ သေဆုံးလူနာ ၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။