close

လိုင်ဇာတွင် ကချင်စစ်ဘေးရှောင် ၁၀ နှစ်ပြည့် ဓာတ်ပုံပြပွဲကျင်းပ

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့မှာ ဇွန်လ ၉ ရက်က တကျော့ပြန်စစ်ပွဲနဲ့  ကချင်စစ်ဘေးရှောင် ၁၀ နှစ်ပြည့် အမှတ်တရ ဓာတ်ပုံပြပွဲအခမ်းအနားပြုလုပ်နေပါတယ်။

လိုင်ဇာမြို့ရှိ Hparat Panglai Research Centre မှာ ပြုလုပ်တဲ့ အဆိုပါအခမ်းအနားမှာ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်က စတင်ခဲ့တဲ့  ကေအိုင်အေနဲ့ အကြမ်းဖက် စစ်တပ်အကြား တကျော့ပြန်လည်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲကြောင့် တိမ်းရှောင်ခဲ့ရတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ ပုံရိပ်တွေခင်းကျင်းပြသထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးကြောင့် ဖမ်းဆီးခံရတဲ့ ဒေသတွင်း သတင်း‌ထောက်တွေရဲ့ ဓာတ်ပုံတွေကိုလည်း ဂုဏ်ပြုပြသထားတာ တွေ့ရပါတယ်။

Fight For Just- Peace လို့ အမည်ပေးထားတဲ့ အဆိုပါအခမ်းအနားကို မနက် ၈ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ်ပြသထားမှာဖြစ်ပြီး ဈေးရောင်းရန်ပုံငွေရှာဖွေတဲ့ အစီအစဉ်တွေ ပါ၀င်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

Hparat Panglai Research Centre ကို ကေအိုင်အေ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် တည်ထောင်ထားတာဖြစ်ပြီး မည်သူမဆို လာရောက်လေ့လာနိုင်တယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up