close

အကြမ်းဖက်စစ်ကောင်စီကို ဝင်ငွေရှာပေးနေသည့် ရွှေကူမြို့ လောင်းကစားဝိုင်း နေရာပြောင်းရွှေ့

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီအတွက် အဓိကငွေဝင်လမ်းကြောင်း တခုဖြစ်တဲ့ လောင်းကစားဝိုင်းတွေကို ရွှေကူမြို့နယ် ငါးဘက်ဝကျေးရွာအနီး တောစပ်မှာ ပြောင်းရွှေ့ ဖွင့်လှစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဖွင့်တာကတော့ မနက်ကနေ ညနေအထိ တနေကုန် ဖွင့်တယ်။ အခုနောက်ပိုင်း ညရော ဖွင့်ကြတယ်ဗျ။ နေရာကတော့ ကျနော်တို့ဒေသအခေါ်  ဘိုးထွန်းအုပ်ကုန်းထိပ်မှာ ဖွင့်ထားတာဗျ။ တခါတလေ ဧရာဝတီမြစ်ကြောင်းကပဲဖြစ်ဖြစ် ကုန်းလမ်းကပဲဖြစ်ဖြစ် စစ်ကြောင်းထိုးတယ် ဘာညာဆိုပြီး အသံထွက်တဲ့နေ့ဆို ခဏနားလိုက်တယ်။ ပြီးရင် ပြန်ဖွင့်တယ်ဗျ။” လို့ ပြောပါတယ်။

အဆိုပါလောင်းကစားဝိုင်းကို ရဲနဲ့ စစ်သားတွေလည်းလာရောက်လေ့ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

အရင်ကလောင်းကစားဝိုင်းတွေကို ရွှေကူ အောက်လေးလမ်းဆုံအနီးနဲ့ မန္တလေး‌-ဗန်းမော် ဗျူဟာလမ်းမကြီးဘေးမှာဖွင့်လှစ်ခဲ့တာဖြစ်ပြီး  ပေါက်ကွဲမှုတချို့ ဖြစ်ပွားပြီးနောက် အခုလို နေရာပြောင်းရွှေ့ ဖွင့်လှစ်နေတာဖြစ်ပါတယ်။

အဆိုပါလောင်းကစားဝိုင်းတွေကို လူငယ်တွေ မသွားကြဖို့နဲ့ သွားသူတွေရဲ့ အသက်အန္တရာ ယ်ကို အာမမခံဘူးလို့  ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SPDF) က ထုတ်ပြန်ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up