close

အမရပူရသပိတ်စစ်ကြောင်းတွင် ပါဝင်သည့် CDM ကျောင်းဆရာ ၁ ဦး ဖမ်းဆီးခံရ

မန္တလေး၊ အမရပူရမြို့နယ် စျေးချိုရပ်ကွက်မှာ ဇွန်လ ၉ ရက် ည ၁၀ နာရီခွဲလောက်က  အမရပူရသပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ အမျိုးသားတစ်ယောက်ကို  စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံရသူမှာ  CDM ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့  ကိုဆန်းမြင့်အောင် ဖြစ်ပြီး စစ်ကား ၃ စီးနဲ့လာဖမ်းတာဖြစ်ကာ သူ့ရဲ့ ညီဖြစ်သူကိုပါ ဖမ်းခေါ်သွားခဲ့တယ်လို့ သိရပါတယ်။

ကိုဆန်းမြင့်အောင်ရဲ့ ညီဖြစ်သူကိုတော့ ည ၁၂ နာရီကျော်လောက်မှာပြန်လွှတ်ပေးခဲ့ပြီး ကိုဆန်းမြင့်အောင်ကိုတော့ ဆက်လက်ဖမ်းဆီး စစ်ဆေးနေတယ်လို့ သူနဲ့ နီးစပ်တဲ့ မိတ်ဆွေတစ်ဦး က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up