ယူရို ၂၀၂၀ အုပ်စုအဖွင့်ပွဲစဉ် အင်္ဂလန်၊ နယ်သာလန်နှင့် ဩစထြီးယားတို့ နိုင်ပွဲရ





ဇွန်လ ၁၃ ရက်ညက ကန်သွားတဲ့ ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲ အုပ်စု (ဒီ) အဖွင့်ပွဲစဉ်မှာ အင်္ဂလန်အသင်းက ခရိုအေးရှားကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ကန်သွင်းခွင့်တွေမှာ နှစ်သင်း စလုံးအတူတူလောက် ရရှိခဲ့ပြီး အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးကိုတော့ ဒုတိယပိုင်းပွဲချိန် ၅၇ မိနစ်မှာ တိုက်စစ်မှူး စတာလင်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အုပ်စု (စီ) အဖွင့်ပွဲစဉ်တွေမှာတော့ နယ်သာလန်က ယူကရိန်းကို ၃ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ဩစထြီးယားက မြောက်ပိုင်းမက်ဆီဒိုးနီးယားအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အသီးသီး အနိုင်ရသွားပါတယ်။
ဒီကနေ့ ဇွန်လ ၁၄ ရက်မှာတော့ အုပ်စု (ဒီ) က စတော့တလန်နဲ့ ချက် ၊ အုပ်စု (အီး)က စပိန်နဲ့ ဆွီဒင်၊ ပိုလန်နဲ့ စလိုဗက်ကီးယားအသင်းတို့ ယှဉ်ပြိုင်ကစားကြဖို့ရှိပါတယ်။