close

အသတ်ခံခဲ့ရသည့် အပြစ်မဲ့ပြည်သူများအတွက် ရှမ်းလူ့အခွင့်အရေးနေ့ ဆုတောင်းပွဲပြုလုပ်မည်

ရှမ်းလူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ်နဲ့ ကွန်ဟိန်မြို့အပါအဝင် ဖြတ် ၄ ဖြတ်စီမံကိန်းအတွင်း ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် ဖယောင်းတိုင်မီးထွန်း ဆုတောင်းကမ်ပိန်းမှာပါဝင်ကြဖို့ ရှမ်းကျောင်းသားများ သမဂ္ဂက နှိုးဆော်ထားပါတယ်။

ဒီကမ်ပိန်းကိုတော့ ဇွန်လ ၁၆ ရက် အခုည ၇ နာရီမှာ အားလုံးပါဝင်နိုင်မှာဖြစ်ကာ မိမိတို့နေအိမ်မှာ ဖယောင်တိုင်မီးတွေထွန်းပြီး အတူဆုတောင်းပေးနိုင်မှာ ဖြစ်ပါတယ်။

ဖြတ် ၄ ဖြတ် စီမံကိန်းဆိုတာကတော့ ပြီးခဲ့တဲ့ ၁၉၉၆ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အတွင်း မြန်မာဖက်ဆစ်စစ်တပ်က ရှမ်းလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုပုံစံ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုကြီးတခု ဖြစ်ပါတယ်။

ဖြတ် ၄ ဖြတ်စီမံကိန်းမှာ ရှမ်းပြည်အလယ်ပိုင်းနဲ့ တောင်ပိုင်းမြို့နယ်ပေါင်း ၁၅ မြို့နယ်က ပြည်သူတွေဟာ ဖက်ဆစ်စစ်တပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ဒဏ် ကို အပြင်းအထန်ခံစားခဲ့ရပြီး ကျေးရွာပေါင်း ၁၈၅၅ ရွာက ပြည်သူပေါင်း ၄သိန်းကျော်ကို အတင်းအဓမ္မ နေရပ်ရွေ့ပြောင်းခိုင်းတာတွေ၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေကိုပါ ကျူးလွန်ခဲ့ကြတာပါ။

အမျိုးသမီး ၆၂၅ ယောက်ကတော့ အဓမ္မပြုကျင့်ခံခဲ့ရပြီး ပြည်သူအယောက် ၂၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရကာ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကတော့ ၁၉၉၇ ခုနှစ် ဇွန် ၁၆ ရက်နေ့မှာ  ကွန်ဟိန်မြို့နယ်အတွင်းက ရွာသူ၊ ရွာသားပေါင်း ၅၆ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရတာကို အစွဲပြုပြီး ၂၀၂၀ ဇွန်လ ၁၆ ရက်နေ့မှာ ရှမ်းပြည်ညီညွတ်ရေးကော်မတီ-CSSU က ဇွန် ၁၆ ရက်နေ့ကို  ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့” အဖြစ်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up