ဆိုမာလီ စစ်စခန်းအသေခံဗုံးခွဲမှုကြောင့် ၁၅ ဦးထက်မနည်း သေဆုံး

ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒစ်ရှူးက စစ်စခန်းတခုမှာ ဇွန်လ ၁၅ ရက်က အသေခံ ဗုံးခွဲမှုကြောင့် လူ ၁၅ ယောက်ထက်မနည်း သေဆုံးတယ်လို့ မာဒီနာဆေးရုံမှာ အလောင်းတွေကို ကိုယ်တိုင် ရေတွက်ခဲ့ရတဲ့ မျက်မြင်သက်သေတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ပြောပါတယ်။
သေဆုံးသူတွေဟာ စစ်စခန်း တိုက်ခိုက်မှုအတွင်း အသတ်ခံရသူတွေလို့ ဆေးရုံ အရာရှိတွေက အတည်ပြုပါတယ်။ ဘယ်သူ့လက်ချက်ဆိုတာတော့ ချက်ချင်း တာဝန်ခံမှု မရှိသေးပါဘူး။
အာဖရိက ဦးချိုစွန်းမှာရှိတဲ့ ဆိုမာလီနိုင်ငံအတွင်း အယ်လ်ရှာဘတ် အစ္စလာမစ်စစ်သွေးကြွ အုပ်စုက ဗုံးခွဲတာတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။
မြို့တော်က ဗိုလ်ချုပ်ဒေဂါဘန် စစ်သင်တန်းစခန်း အပြင်ဘက် စစ်ဆေးရေးဂိတ်မှာ အသေခံ ဗုံးခွဲသမားက ဖောက်ခွဲခဲ့လို့ အသစ်စုဆောင်းထားတဲ့ စစ်သည်လောင်း ၁၀ ယောက် သေဆုံးပြီး တခြားလူ အယောက် ၂၀ လောက် ဒဏ်ရာရတယ်လို့ ဆိုမာလီ စစ်တပ် အရာရှိတယောက်က ပြောပါတယ်။