နောက်ဆုံးရ ယူရို ၂၀၂၀ သတင်းတိုများ

◾ အင်္ဂလန် နည်းပြဆောက်ဂိတ်ဟာ ဒီကနေ့ညမှာကစားမယ့် စကော့တလန်နဲ့ပွဲမှာ လုခ်ရှောနဲ့ ရီဆီဂျိမ်းစ်တို့ကို ပွဲထွက်ကစားခွင့်ပေးမယ်လို့ သတင်းထွက်နေပါတယ်။ ခရိုအေးရှားနဲ့ပွဲမှာ ဝေါ်ကာနဲ့ ထရစ်ပီယာကို နောက်ခံအစွန်နေရာတွေမှာအသုံးပြုခဲ့တာဖြစ်ပါတယ်။
◾ ဘယ်လ်ဂျီယံနဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့ပေမယ့် ကစားသမားတွေ ခြေစွမ်းပြသနိုင်ခဲ့ကြတယ်လို့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်က WhatsApp ကနေတစ်ဆင့် အသင်းဖော်တွေကို ချီးကျုးစကားဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဆေးရုံမှာပဲ ဆက်ရှိနေတဲ့ အဲရစ်ဆင်ဟာ ဘောလုံးပြန်ကစား နိုင်ဖွယ်မရှိတော့ဘူးလို့ သိရပါတယ်။
◾အင်္ဂလန်နိုင်ငံအနေနဲ့ ကိုဗစ်စည်းကမ်းချက်တွေကို ဖြည်လျှော့မပေးဘူးဆိုရင် ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ဟန်ဂေရီမှာကျင်းပမယ်လို့ UEFA က သတိပေးထားပါတယ်။ ဝင်ဘလေကွင်းမှာ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး UEFA က တာဝန်ရှိသူတွေတောင်ကန့်သတ်ချက်တွေအများအပြားသတ်မှတ်ထားတယ်လို့သိရပါတယ်။
◾ စကော့တလန်အသင်းက ရော်ဘတ်ဆန်နဲ့ တီယာနေးလ်တို့ရဲ့ဘယ်ခြမ်းတိုက်စစ်က အင်္ဂလန်ကို ဒုက္ခပေးလိမ့်မယ်လို့ အင်္ဂလန်ကစားသမားဟောင်း မာတင်ကီယွန်ကသတိပေးလိုက်ပါတယ်။ တီယာနေးဟာ အဖွင့်ပွဲကို လွဲချော်ခဲ့ပေမဲ့ အင်္ဂလန်နဲ့ပွဲမှာ ပါဝင်ကစားနိုင်မယ် လို့သိရပါတယ်။
◾ကိုကာကိုလာအချိုရည်ကော ဟမ်နီကယ်ဘီယာပုလင်းကော စားပွဲပေါ်မှာအတူထားရှိဖို့ ယူကရိန်းအသင်းခေါင်းဆောင် ယာမိုလန်ကိုက တိုက်တွန်းခဲ့ပါတယ်။ ယူရိုပြိုင်ပွဲမှာ စပွန်ဆာကုမ္ပဏီတွေနဲ့ပတ်သက်လို့ လူပြောများနေပြီး ရော်နယ်ဒိုက ကိုကာကိုလာဘူးကို ဖယ်ရှားခဲ့သလို ပေါ့ဘာကလည်း ဟန်နီကန်ဘီယာဘူးကို သတင်းစာရှင်းပွဲ စားပွဲပေါ်ကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။
◾လက်ရှိပေါ်တူဂီအသင်းလူစာရင်းက ၂၀၁၆ ချန်ပီယံအသင်းထက်ပိုကောင်းသလားဆိုတာ ပြောလို့မရသေးကြောင်း ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကပြောပါတယ်။ လက်ရှိအသင်းအနေနဲ့ ၂၀၁၆ ကအသင်းထက် ပိုကောင်းတယ်လို့ ပြောနိုင်ဖို့ဆိုရင် သက်သေပြစရာတွေ ကျန်သေးတယ်လို့ ဖာနန်ဒက်စ်ကသုံးသပ်ခဲ့ပါတယ်။