close

ပြည်သူလူထူအတွက် အခမဲ့တယ်လီကျန်းမာအစီအစဉ် NUGအစိုးရ မိတ်ဆက်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူတွေအတွက် အခမဲ့ တယ်လီကျန်းမာအစီအစဉ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။

ပြည်သူလူထုကို စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီအစီအစဉ်ကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက်နေ့မှာ စတင်အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါ တယ်။

တယ်လီကျန်းမာအစီအစဉ်မှာ ကိုဗစ်-၁၉ ရောဂါအပါအဝင် ပြည်သူလူထုရဲ့ ကျန်း မာရေးပြဿနာတွေကို အကြံဉာဏ်ပေးတာတွေ ကုသမှုပေးတာတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပက ဆရာဝန်တွေနဲ့ အထူးကုဆရာဝန်ကြီးတွေ ပါဝင်ကုသပေးကြမယ်လို့ ဆိုပါတယ်။

ကုသမှုခံယူမယ့် လူနာအနေနဲ့ အင်တာနက်ရှိရန် လိုအပ်ပြီး ဖော်ပြပါအင်တာ နက်လိပ်စာ-https://doxy.me/telehealthmm မှာ ဆရာဝန်နဲ့ ကုသမှုခံယူနိုင်ဖို့ တိုကင် ယူတန်းစီရမှာဖြစ်ကာ ဆရာဝန်က တန်းစီလူနာတွေထဲက တယောက်ချင်းစီကို အစဉ် လိုက်ခေါ်ယူအကြံဉာဏ်နဲ့ကုသမှုတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

တယ်လီကျန်းမာအစီအစဉ်ကို နေ့စဉ်မနက် ၈ နာရီကနေ ညနေ ၄ နာရီအတွင်း ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး ကုသမှုခံယူနိုင်မှာဖြစ်ကာ ထပ်မံတိုးချဲ့ဆောင်ရွက်မယ့် အစီအစဉ်တွေကိုတော့ တယ်လီကျန်းမာရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဆက်လက်ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up