close

ဧရာဝတီတိုင်းတွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ၅ ခု ပြန်ဖွင့်လှစ်မည်

ဧရာဝတီတိုင်းအတွင်း မြို့ ၅ မြို့ အဝင်တွေမှာ  ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ၅ ခုကို ပြန်ဖွင့်လှစ် စစ်ဆေးသွားမယ်လို့   စစ်ကောင်စီက   ဇွန်လ ၁၉ ရက်က  ထုတ်ပြန်ပါတယ်။

ကြံခင်းမြို့ရှိ အုတ်ပုံဂိတ်၊ ညောင်တုန်းမြို့ရှိ မဲဇလီဂိတ်၊ မအူပင်မြို့ရှိ ခတ္တိယဂိတ်၊ ရေကြည်မြို့ရှိ ရေနံဂိတ်၊ ဒေးဒရဲမြို့ဂိတ်တို့မှာ ကိုဗစ်-၁၉ စစ်ဆေးရေး လုပ်ငန်းတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းကို လာ​ရောက်မယ့် ဘယ်သူမဆို အပူချိန်တိုင်းတာ၊ သွေးတွင်းအောက်ဆီဂျင်တိုင်းတာနဲ့ ခရီးသွားရာဇဝင်တွေ၊ အမည်နဲ့ ဖုန်းနံပါတ်တွေကို စာရင်းပေးသွင်းရမယ်လို့လည်း သိရပါတယ်။

သွေးတွင်းအောက်ဆီဂျင် တိုင်းတာမှုမှာ ၉၂ ရာခိုင်နှုန်းအောက် ကျဆင်းနေသူတွေကို Rapid Test Kit နဲ့ စစ်ဆေးသွားပြီး ကုန်ကျစရိတ်ကို ပြည်သူက ပေးချေရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Stay at Home မြို့နယ်တွေက လာရောက်သူတွေကိုတော့ Facility Quarantine ၁၀ ရက် ထားရှိမှာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာ  ဇန်နဝါရီ ၃၁ ရက်​နေ့ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၈၄၇ ဦးရှိပြီး ၊​ သေဆုံးသူ အယောက် ၆၀ ရှိနေပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up