close

ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ လူနာသစ် ၄ ထောင်ကျော်တွေ့ရှိ

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက်တည်း ပိုးတွေ့လူနာသစ် ၄,၀၅၉ ယောက် ရှိခဲ့ပြီး သေဆုံးသူ ၃၅ ယောက်ထိ ရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပိုးတွေ့လူနာသစ် ၄ ထောင်ကျော်ထဲက ၇၅ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အ ကျဉ်းထောင်တွေက ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၂,၀၄၇ ယောက် ရှိလာခဲ့တာပါ။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလဆန်းကစလို့ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ စတင်ခဲ့တာဖြစ်ပြီး လတ်လောအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း၂၂၅,၃၆၅ ယောက်ရှိခဲ့ပြီး သေဆုံးသူပေါင်း ၁,၆၉၃ ယောက်ထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေထဲ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်က  ကိုဗစ်-၁၉ ရောဂါ သန်းချီကူးစက်ခံထားရကာ မလေးရှားက ရောဂါကူးစက်ခံရသူ ၇ သိန်းကျော်နဲ့ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံတွေအဖြစ် ရှိနေပြီး အဲဒီနိုင်ငံတွေနောက်မှာ ထိုင်းနိုင်ငံက ရှိနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up