close

သဲကုန်းမြို့အဝင်ဂိတ်တွင် ဗုံးပေါက်ကွဲပြီး ထွေအုပ်ဝန်ထမ်း ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့အဝင် သီတဂူမျက်စိအထူးကုဆေးရုံအနီးမှာရှိတဲ့ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှာ ဒီနေ့မနက် ၈ နာရီလောက်က ဗုံးတလုံးပေါက်ကွဲခဲ့လို့ ထွေအုပ်ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသခံတစ်ဦးက "ထွေအုပ်ဝန်ထမ်းတယောက်ထိတယ်လို့တော့သိရတယ်။ ဗုံးပေါက်ပြီးတာနဲ့ ဘယ်သူမှ အဲဒီရှေ့ကတောင် ဖြတ်မသွားရဲကြတော့ဘူး" လို့  ပြောပါတယ်။

မြို့နယ် ကိုဗစ်အရေးပေါ်ထိန်းချုပ်တုံ့ပြန်ကော်မတီနဲ့ သက်ဆိုင်ရာက နှာခေါင်းစည်းတပ်ဆင်ရေးနဲ့ လူဝင်လူထွက်စစ်ဆေးရေးအတွက် ဂိတ်မှာ  ဆောင်ရွက်နေစဉ် ချိန်ကိုက်မိုင်းဗုံးလို့ ယူဆရတဲ့ ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် တာဝန်ကျ ထွေအုပ်ဝန်ထမ်းတစ်ဦး (မစိုးရိမ်ရ) ပေါက်ပြဲဒဏ်ရာရရှိပြီး မြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတယ်လို သဲကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနက လည်း ထုတ်ပြန်ထားပါတယ်။

သဲကုန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလကနေ ဇွန်လဆန်းအတွင်း ၃ ကြိမ်ထက်မနည်း ဗုံးပေါက်ကွဲခဲ့ပြီး  မပေါက်ကွဲသေးတဲ့  ဗုံးတွေလည်း တွေ့ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up