close

စစ်ကိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ၉ ဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်

စစ်ကိုင်းမြို့အမှတ် ၆ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် ၉ ဦးကို စစ်ကောင်စီက ‌ဇွန် ၂၄ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။

စစ်ကိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းကို အာဏာသိမ်းပြီး ၉ ရက်နေ့က စစ်ကိုင်းမြို့ နေအိမ်မှာ သဘာဝဘေးစီမံပုဒ်မ၂၅/၃၀(က) ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ဒီနောက် ရွှေဘိုအကျဉ်းထောင်တရားရုံးမှာ ဇွန် ၂၄ ရက်နေ့က အလုပ်အကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

စစ်ကိုင်းမြို့က ဖမ်းဆီးထားတဲ့ အခြား ၈ ဦးကိုလည်း ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်တယ်လို့ စစ်ကိုင်းဒေသခံတစ်ဦးက ပြောပါတယ်။

“အရှင်ဂန္ဓမာ၊ ဦးကျော်သောင်း၊ ကိုအောင်မြတ်မင်း၊  ဦးမြင့်ဆွေ၊  ဦးသီဟသူ၊ ကိုဇော်မြင့်ထွန်း၊ ဦးကျော်လင်းဦး၊  ဇော်ဇော်(ခ)မော်င်ဇော် ၈ ဦးပဲ နာမည်သိတယ်၊ ကျန် တစ်ယောက်နာမည်မသိဘူး။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up