close

ယူရို ၂၀၂၀ ၏ ရှုံးထွက်ပွဲစဉ်များ ယနေ့စပြီ

ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ပွဲစဉ် ၈ ပွဲရှိတဲ့အနက် ၆ ပွဲကို အခု စနေနဲ့ တနင်္ဂနွေနေ့တွေ ကစားမှာဖြစ်ပြီး ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီ၊ ခရိုအေးရှားနဲ့ စပိန်တို့လို ပွဲကြီးပွဲကောင်းတွေပါဝင်တယ်။

ဒီတကြိမ် ယူရိုပြိုင်ပွဲမှာ ထူးခြားတာက အသင်းကြီးအားလုံးလိုလို ရှုံးထွက်အဆင့်တက်ခဲ့တာဖြစ်ပြီး အုပ်စုဒုတိယအဆင့်ပတ်လည်ပွဲတွေမှာတင် ဂျာမနီ-ပေါ်တူဂီလို ပွဲကြီးပွဲကောင်းတွေ ကြည့်ခဲ့ရပါတယ်။

အုပ်စုပွဲစဉ်တွေပြီးတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုမှာ ပြင်သစ်အသင်းက ပထမဖြစ်ပြီး ယူရို ၂၀၂၀ မတိုင်မီ ရေပန်းစားမှုက ဆက်လက်တည်ရှိနေတုန်းဖြစ်သလို အသင်းကြီးတွေ အားလုံးထဲမှာလည်း ခြေစွမ်းတည်ငြိမ်မှုအရှိဆုံးအသင်း ဖြစ်နေတယ်။

ပြင်သစ်ပြီးရင် ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတွေက အင်္ဂလန်၊ အီတလီ၊ ဂျာမနီ နဲ့ စပိန်တို့ အသီးသီးရပ်တည်နေကြပြီး လက်ရှိချန်ပီယံ ပေါ်တူဂီကတော့ ဗိုလ်စွဲဖို့ရေပန်းစားမှုက အဆင့် ၈ နေရာမှာသာ ရပ်တည်နေတယ်။

ဒီအချက်က လက်ရှိ ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲမှာ  ၅ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားတဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုအတွက် ဂိုးသွင်းဘုရင်ဆုနဲ့ ဝေးသွားစေမလားဆိုတာ စောင့်ကြည့်ကြရမှာပါ။

အုပ်စုအဆင့်မှာ ပွဲတိုင်းအနိုင်ရခဲ့တဲ့ အသင်းတွေက အီတလီ၊ ဘယ်လ်ဂျီံနဲ့ နယ်သာလန်တို့ဖြစ်နေလို့ အခု ရှုံးထွက်ပွဲစဉ်တွေမှာတော့ ဒီသုံးသင်းရဲ့ခြေစွမ်းအမှန်ကို စောင့်ကြည့်ရတော့မယ်။

ရှုံးထွက်အဆင့်မှာ အသင်းကြီးတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကိုကြည့်ရင် လက်ရှိချန်ပီယံ ပေါ်တူဂီက ဘယ်လ်ဂျီယံ၊ ပြင်သစ်က ဆွစ်ဇာလန်၊ အင်္ဂလန်က ဂျာမနီ၊ အီတလီက သြစတြီးယား၊ စပိန်က ခရိုအေးရှား အသင်းတို့နဲ့ကစားကြရမှာဖြစ်ပါတယ်။

အသင်းကြီးတွေအနက် မရဏအုပ်စုမှာကျရောက်ခဲ့တဲ့ ပြင်သစ် ပေါ်တူဂီနဲ့ ဂျာမနီတို့ရဲ့ ပွဲပန်းနေမှုကိုလည်း သတိပြုကြရမှာဖြစ်ပါတယ်။

စနေညမှာ ကစားမယ့်ရှုံးထွက်ပွဲ ၃ ပွဲရှိပြီး ဝေလ်း-ဒိန်းမတ်၊ အီတလီ-သြစတြီးယား၊ နယ်သာလန်-ချက် ပွဲတွေပါတယ်။ 

မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ဝေလ်း-ဒိန်းမတ်၊ နယ်သာလန်-ချက် ပွဲတွေ ကစားမှာဖြစ်ပြီး အီတလီပွဲကတော့ မနက် ၁ နာရီခွဲ ကစားကြမှာပါ။

ဝေလ်း-ဒိန်းမတ်ပွဲကို နယ်သာလန်နိုင်ငံမှာ ကစားကြမှာဖြစ်ပြီး ခြေညီတဲ့ ၂ သင်း ကစားကြမှာဖြစ်လို့ ပွဲက ကြည့်ကောင်းမယ့်ပွဲပါ။ ဝေလ်းအသင်းခေါင်းဆောင် ဂါးရတ်ဘေး ခြေစွမ်းပြနေသလို ရမ်ဆေးလည်း ဂိုးတွေသွင်းနေတယ်။

အီတလီ-သြစတြီးယားပွဲမှာတော့ အုပ်စုတွင်းရလဒ်တွေကောင်းခဲ့ပြီး တိုက်စစ်မှုတိုင်းလိုလို ဂိုးတွေသွင်းခဲ့တဲ့ အီတလီပဲ အနိုင်ရသွားနိုင်ပါတယ်။

နယ်သာလန်-ချက် ပွဲမှာလည်း ခြေစွမ်းကောင်းပြနေတဲ့ လိမ္မော်ရောင် နယ်သာလန်ပဲအနိုင်ရပြီး ကွာတာဖိုင်နယ်တက်ပါလိမ့်မယ်။

သေချာတာတခုကတော့ ရှုံးထွက်အဆင့်ပွဲစဉ်တွေဖြစ်တာနဲ့အညီ ပွဲတိုင်းက ခက်ခက်ခဲခဲ ကစားကြရနိုင်ပါတယ်။

လေးလေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up