ကလေးဝတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဦး တွေ့ရှိ

4.4K
စစ်ကိုင်းတိုင်း ကလေးဝမြို့မှာ ဇွန်လ ၂၅ ရက်နေ့က ကိုဗစ်-၁၉ လူနာ ၁၇ ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကလေးဝမြို့၊ အမှတ် ၁ ရပ်ကွက်က ၈ ဦး၊အမှတ် ၂ ရပ်ကွက် ၅ ဦး၊အမှတ် ၃ ရပ်ကွက်က ၃ ဦး၊ သစ်ချောက်ကျေးရွာက ၂ ဦး၊ ဟဲဒေါင်းကျေးရွာက ၂ ဦး၊ စုစုပေါင်း အယောက် ၂၀ အနံ့မရလို့ ကလေးဝမြို့ဆေးရုံ လာပြတဲ့အတွက် RDT Test Kits နဲ့ စစ်ဆေးခဲ့ရာမှာ ၁၇ ဦးတွေ့ရှိတယ်လို့ ကလေးဝ ပရဟိတလုပ်နေသူတစ်ဦးက ပြောပါတယ်။
ကလေးဝမြို့မှာ ဇွန် ၂၆ ရက်နေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၇ ဦးအထိရှိလာပြီး ၁ ဦး သေဆုံးတယ်လို့ သိရပါတယ်။