ကလေးဝမြို့တွင် ကိုဗစ်လူနာတစ်ဦး သေဆုံး

2
စစ်ကိုင်းတိုင်း ကလေးဝမြို့မှာ ဇွန် ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်က ကိုဗစ်လူတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အခုသေဆုံးသွားသူဟာ သစ်ချောက်ကျေးရွာက ဆီးချိုရောဂါအခံရှိတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကလေးဝမြို့ မိုးလုံလေလုံအားကစားရုံမှာ အသက်ရှူကြပ်လို့ အောက်ဆီဂျင်ပေးပြီး ကုသနေစဉ် သေဆုံးသွားတာလို့ ကလေးဝပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောပါတယ် ။
ကလေးဝမြို့မှာ ဇွန် ၂၆ ရက်နေ့ထိ ကိုဗစ်ကူးစက်သူ ၄၇ ဦးနဲ့ သေဆုံးသူ ၂ ဦးရှိပြီလို့ သိရပါတယ်။