close

လားရှိုးမြို့တွင် ကိုဗစ်ကူးစက်မှုမြင့်လာသဖြင့် Stay at Home ထုတ်ပြန်

ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ များပြားလာပြီး ကူးစက်ခံရမှု မြင့်တက်လာတာကြောင့် စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက                                                                  ဇွန် ၂၇ ရက်နေ့ မနက် ၄  နာရီအချိန်က စတင်ပြီး Stay at Home အမိန့်ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်မှာ အစိုးရ၊ အဖွဲ့အစည်း၊ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ တာ၀န်မှလွဲပြီး ကျန်တဲ့သူတွေ မိမိအိမ်တွင်းနေထိုင်ဖို့၊ တစ်အိမ်ကို တစ်ယောက်သာဈေးဝယ်ထွက်ဖို့၊ နေအိမ်ပြင်ပသွားပါက မဖြစ်မနေ mask  တတ်ဖို့၊ ဆေးရုံဆေးခန်းသွားပါက လူနှစ်ဦးထက်ပိုမသွားဖို့၊ ဖြတ်သန်းခွင့်ရှိသောယာဉ်သာ ရပ်ကွက်ကျော်သွားလာဖို့၊  ကုန်တင်ယာဉ်တွေအနေနဲ့ SOP စံသတ်မှတ်ချက်အတိုင်းသွားလာဖို့ ပါရှိပါတယ်။

သတ်မှတ်ဦးရေထက် ကျော်လွန်ပြီး ခွင့်မပြုဘဲ အမိန့်လိုက်နာဖို့ ပျက်ကွက်ပါက တည်ဆဲ ဥဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး လားရှိုးမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့ရှိသူ အတည်ပြုလူနာ ၂၉၈ ဦး၊ ရောဂါသက်သာလာသူ ၆၈ ဦးနဲ့ သေဆုံးသူ ၇ ဦးထိ ရှိပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up