ကလေးဝတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဦး ထပ်မံတွေ့ရှိ

စစ်ကိုင်းတိုင်း ကလေးဝမှာ ဇွန် ၂၈ ရက်နေ့က ကိုဗစ်-၁၉ သံသယလူနာ ၁၇ ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကလေးဝမြို့ ပြည်သူ့ဆေးရုံမှာ အနံ့မရလို့ လာပြသသူ စုစုပေါင်း ၆၆ ဦးကို RDT Test Kits နဲ့ စစ်ဆေးရာ အမှတ် ၁ ရပ်ကွက်က ၆ ဦး၊ အမှတ် ၂ ရပ်ကွက်က ၃ ဦး၊ အမှတ် ၃ ရပ်ကွက်က သံဃာတော် ၁ ပါးအပါအဝင် ၄ ဦး၊ ချောင်းကျဉ်းကျေးရွာက ၁ ဦး၊ ကိုင်းရွှေတောင်ကျေးရွာက ၁ ဦး၊ ဇီးတောင့်ကျေးရွာက ၁ ဦး၊ အပြင်လိပ်ခက်ကျေးရွာက ၁ ဦး၊ စုစုပေါင်း ၁၇ ဦး ကိုဗစ်ပိုးတွေ့ရှိတယ်လို့ ကလေးဝ ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ကလေးဝမြို့မှာ ဇွန် ၂၈ ရက်နေ့ထိ ကိုဗစ်ကူးစက်သူ ၈၂ ဦးထိ ရှိလာပြီး သေဆုံးသူ ၃ ဦး ရှိပြီလို့ သိရပါတယ်။