close

အင်းစိန်အကျဉ်းထောင်မှလွတ်မည့်သူများထဲ နာမည်ကြီးအနုပညာရှင်များ မပါ

အင်းစိန်အကျဉ်ထောင်ကနေ ဇွန်လ ၃၀ ရက်နေ့က ၅၀၅(က)နဲ့ပြန်လွှတ်ပေးတဲ့သူတွေထဲမှာ နာမည်ကြီးအနုပညာရှင်တွေ မပါဝင်သေးဘူးလို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာ မူလက ၅၀၅(က) နဲ့ အစွဲခံရသူ ၇၀၀ ကျော်ပြန်လွှတ်ပေးမယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် အကျဉ်းသားတချို့သာ ပြန်လွှတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မွန်းလွဲပိုင်းတုန်းကတော့ အကျဉ်းထောင်ထဲကို YBS ကားကြီး အစီးသုံးဆယ်လောက်ဝင်ရောက်ခဲ့ပေမယ့် ဆယ်စီးစာလောက်ပဲပြန်လွှတ်ပေးဖို့ရှိတယ်လို့ အကျဉ်းဦးစီးဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ပိုင်တံခွန်ရဲ့ရှေ့နေ ဦးခင်မောင်မြင့်က "ထောင်ရှေ့မှာ လူအရမ်းများနေတော့ လူစုကွဲတဲ့အချိန်ကို စောင့်နေရင်းနောက်ကျသွားတာလို့ ပြောပါတယ်။ ကိုပိုင်တံခွန်တို့ကတော့ ပြန်လွတ်တဲ့အထဲမှာမပါသေးပါဘူး" လို့ ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်ထဲမှာ သရုပ်ဆောင်လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ ပိုင်တံခွန်၊ မေတိုးခိုင်တို့ အထိန်းသိမ်းခံထားရတာဖြစ်ပြီး ပြန်လွှတ်ပေးမယ့်အထဲမှာ သတင်းသမားတချို့တော့ ပါဝင်လာမယ်လို့ သိရပါတယ်။

ဇွန် ၃၀ မနက်အစောပိုင်းကတည်းက အင်းစိန်ထောင်ရှေ့မှာ အဖမ်းခံထားရသူတွေရဲ့ မိသားစုဝင်တွေ လာစောင့်နေခဲ့ကြပေမယ့် ညနေ ၇ နာရီအထိ ပြန်လွှတ်မပေးခဲ့တဲ့အတွက် မိသားစုဝင်တွေ အခက်အခဲတွေ့ခဲ့ကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up