close

ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၅၅၀၀ ကျော်၊ သေဆုံးသူ ၅၇ ဦးရှိ

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက် တည်း ၅၇ ယောက်သေဆုံးခဲ့ပြီး အမြင့်ဆုံးစံချိန်တင်ခဲ့ကာ ရောဂါကူးစက်မှုအသစ် ၅,၅၃၃ ယောက်ထိ ရှိခဲ့ပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၂၆၄,၈၃၄ ယောက်နဲ့ သေဆုံးသူပေါင်း ၂,၀၈၀ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ရောဂါကူးစက်မှုအသစ်တွေထဲက ၄၄ ယောက်ကတော့ နိုင်ငံတဝန်း အကျဉ်း ထောင်တွေက ဖြစ်ကာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၃,၂၂၃ ယောက် ရှိနေခဲ့ပါတယ်။

သေဆုံးသူ ၅၇ ဦးထဲမှာ အသက် ၃၀ ကနေ ၉၄ နှစ်အထိ ပါဝင်နေပြီး သူတို့ထဲက ၆၅ ရာခိုင်နှုန်းကတော့ အသက် ၆၀ အထက် အရွယ်တွေဖြစ်ကြတယ်လို့ ထိုင်းနိုင်ငံ ကို ဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု အခြေအနေ စီမံခန့်ခွဲရေးဗဟို ပြောရေးဆိုခွင့်ရသူ အဖီ ဆမိုင် ဆီရန်ဆန်က ပြောပါတယ်။

သေဆုံးသူတွေထဲက ၅၄ ယောက်ကတော့ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး ကျန်တဲ့ ၃ ယောက်ကတော့ ကမ္ဘောဒီးယား၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံသားတွေ ဖြစ်ကြတယ်လို့ ဆို ပါတယ်။

သေဆုံးမှုအသစ်ထဲမှာတော့ ဘန်ကောက်က ၃၄ ယောက်နဲ့ အများဆုံးဖြစ်ကာ ဆ မွတ်ပရာကန်က ၉ ယောက်၊ ပထုံဌာနီက ၃ ယောက်၊ နခွန်ပထုံနဲ့ နခွန်နယော့ခ်က ၂ ယောက်စီ၊ ချင်းရိုင်၊ ချိုင်ယာဖန်၊ ဆောင်ခလာ၊ နခွန်ဆီသမာရတ်၊ နရသီဝပ်၊ ဆမွတ်ဆခွန် နဲ့ ဆူဖန်ဘူရီဒေသတွေမှာ ၁ ယောက်စီ အသီးသီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၈၃ သန်း ကျော်၊ သေဆုံးသူပေါင်း ၃ ဒသမ ၉၆ သန်းကျော်နဲ့ ရောဂါပြန်လည် ပျောက်ကင်း သက် သာလာသူပေါင်း ၁၆၇ ဒသမ ၆၁ သန်းကျော် ရှိနေတယ်လို့ Worldometers ဝက်ဘ် ဆိုက်ဒ်မှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up