close

အာဏာသိမ်းရက်ပေါင်း ၁၅၀ ကျော်အတွင်း ကျဆုံးပြည်သူ ၈၈၈ ဦး၊ သေဒဏ်ချခံရသူ ၆၅ ဦးရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ရက်ပေါင်း ၁၅၂ ရက်အကြာ အကြမ်း ဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၈၈၈ ယောက်ထိ ရှိ လာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၄၇၂ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၁၇၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၃၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအ ဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၆၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့စက်မှုဇုန်ရှိ စက်ရုံတရုံ အတွင်းက ဒဏ်ရာရသူတွေကို ကူညီပေးခဲ့တဲ့ လူငယ်တယောက်ဖြစ်တဲ့ ကိုသီဟဇော်(ခ) ငယ်လေးကို အကြမ်းဖက်စစ်တပ်က ဇူလိုင် ၁ ရက်နေ့လယ်ပိုင်းက ဖမ်းဆီးသွားခဲ့ပြီး ညနေပိုင်းမှာ ရုပ်အလောင်းကို ပြန်ပို့ခဲ့တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် မြရွာကျောင်းကို ဖျက်ဆီးတယ်ဆိုပြီး စစ်အုပ်စုသတင်းပေးက တိုင်ကြား ခဲ့တာကြောင့် ဇွန် ၂၉ ရက် ညအချိန်က ဖမ်းဆီးခံခဲ့ရတဲ့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့က အရပ်သား တယောက်ဖြစ်သူ ကိုစိုးမင်းဟာ ကျဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဇူလိုင် ၁ ရက်နေ့ မှာ သူ့ရဲ့မိသားစုဆီ အကြောင်းကြားလာခဲ့တယ်လို့ ဆိုပါတယ်။ ကိုစိုးမင်းရဲ့ ရုပ်အလောင်းမှာ ခန္ဓာကိုယ်အနှံ့ အညိုမည်းတွေစွဲနေပြီး ပေါင်တွေမှာလည်း ဒဏ်ရာဒဏ်ချက် တွေနဲ့အတူ ကျဉ်စက်နဲ့တို့ထားတဲ့ ဒဏ်ရာတွေအပါအဝင် နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ ပြည့်နှက်နေတယ်လို့ သိရှိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့မှာတော့ ဇွန် ၂၈ ရက်နေ့ညက အကြမ်းဖက် စစ်အုပ်စုသတင်းပေးက တိုင်ကြားခဲ့တာကြောင့် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် မောင်အောင်အောင်လွင်ဟာ ဖမ်းဆီး ထိန်းသိမ်းခံထားရချိန်အတွင်း ကျဆုံး သွားခဲ့ပါတယ်။ မောင်အောင်အောင်လွင်ရဲ့ ရုပ်အလောင်းကို မိသားစုကို တွေ့ခွင့်မပေးဘဲ အကြမ်းဖက်စစ်တပ်က ဇူလိုင် ၁ ရက်နေ့မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရှိရပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ် အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up