ထိုင်းတွင် ကိုဗစ်-၁၉ ရောဂါဖြင့် တရက်တည်း လူ ၄၀ ကျော်သေဆုံး

ထိုင်းနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၁ ယောက်နဲ့ ကူးစက်မှုအသစ် ၆၂၃၀ ယောက်ရှိခဲ့တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါကြောင့်မို့ လက်ရှိအချိန်ထိ နိုင်ငံတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်း ၂,၁၈၂ ယောက်နဲ့ ကူးစက်ခံရသူပေါင်း ၂၇၇,၁၅၁ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကူးစက်မှုအသစ်တွေထဲမှာတော့ အကျဉ်းထောင်တွေက ၂၉၄ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံ တွေပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၇ သိန်း ၆ သောင်းကျော်၊ သေဆုံးသူပေါင်း ၅,၀၀၀ ကျော်နဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ အမှတ်စဉ် ၄ နေ ရာမှာ ရှိနေပါတယ်။
ဒေသတွင်း ကူးစက်မှု အမြင့်ဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာတော့ လတ်တလော ကို ဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံက ကူးစက်ခံရသူပေါင်း ၁ သိန်း ၆ သောင်းကျော်နဲ့ ပါဝင်လာခဲ့ပါတယ်။
ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၈၃ ဒသမ ၈၅ သန်းကျော်၊ သေဆုံးသူပေါင်း ၃ ဒသမ ၉၈ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်း သက်သာလာသူပေါင်း ၁၆၈ ဒသမ ၂၈ သန်းကျော် ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။