close

ဂျာဗာကျွန်းတွင် ကိုဗစ်-၁၉ ကပ်ဘေးထိန်းချုပ်ရန် စစ်ဆေးရေးလုပ်ငန်းများ အရှိန်မြှင့်

အင်ဒိုနီးရှားနိုင်ငံက လူအထူထပ်ဆုံး ဂျာဗားကျွန်းမှာ လမ်းတွေကို ပိတ်ဆို့ထားတဲ့ ရာနဲ့ချီတဲ့ စစ်ဆေးရေးစခန်းတွေကို  ဇူလိုင် ၃ ရက်က ရဲတပ်ဖွဲ့က တပ်ချ စစ်ဆေးနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးထိန်းချုပ်ရေးအတွက် ပိုတင်းကျပ်ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။

အာရှရဲ့အကြီးဆုံး ကူးစက်ခံနိုင်ငံ ဖြစ်လာနေတဲ့ ကမ္ဘာ့ စတုတ္ထလူဦးရေ အများဆုံး နိုင်ငံ အင်ဒိုနီးရှားမှာ ကျန်ခဲ့တဲ့ ၁၂ ရက်အတွင်း ကူးစက်မှု အသစ် ပိုများလာတာကို မှတ်တမ်းတင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဂျာဗားနဲ့ ဘာလီကျွန်းတွေမှာ စနေနေ့က စပြီး ဇူလိုင် ၂၀ ရက်ထိ မရှိမဖြစ် မဟုတ်တဲ့ အလုပ်တွေ ပိတ်ဖို့၊ လေဟာပြင်မှာ အားကစားလုပ်တာ၊ စားသောက်ဆိုင်မှာ ထိုင်စားတဲ့ အလေ့အထကို တားမြစ်ပိတ်ပင်ဖို့နဲ့ ခရီးသွားလာမှု ပိုတင်းတင်းကျပ်ကျပ် စစ်ဆေးဖို့ ကန့်သတ်လိုက်ပါတယ်။ 

ဒီဆောင်ရွက်ချက်ဟာ သက်တမ်းတိုးနိုင်ပြီး လောလောဆယ်တော့ နေ့စဉ် အသစ် ကူးစက်ခံ ဦးရေက အယောက် ၁၀၀၀၀ အောက်မှာ ရှိနေပါတယ်။

လူတွေအိမ်ထဲမှာပဲ နေကြဖို့ ညွှန်ကြားရေးနဲ့ ကူးစက်မှု ထိန်းချုပ်ရာမှာ ကူညီဖို့ အရာရှိ အယောက် ၂၁၀၀၀ ကျော်ကို တာဝန်ချထားတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up