close

ဗကသများအဖွဲ့ချုပ်ဦးဆောင်သည့် GSC သပိတ်စစ်ကြောင်း ဆဲဗင်းဂျူလိုင်နေ့ ချီတက်ဆန္ဒပြ

ဗကသများအဖွဲ့ချုပ်ဦးဆောင်တဲ့ GSC သပိတ်စစ်ကြောင်းဟာ ဇူလိုင် ၇ရက်နေ့က  ၅၉ နှစ်မြောက် ဆဗင်းဂျူလိုင်နေ့ထိမ်းအမှတ်အနေနဲ့ "ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ"၊ "စစ်အာဏာရှင်စနစ်ကိုရရာနည်းနဲ့ အမြစ်ပြတ်ချေမှုန်းကြ"၊ "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" စသဖြင့် ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံဟာ ဗိုလ်နေဝင်းစစ်အစိုးရကို ပထမဆုံးဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုဖြစ်သလို မြန်မာ့သမိုင်းမှာ အရေးပါတဲ့ နေ့ရက်တခုလည်းဖြစ်ပါတယ်။

ဆဲဗင်းဂျူလိုင်အရေးတော်ပုံမှာ စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် ကျောင်းသားရာနှင့်ချီကျဆုံးခဲ့ရပြီး နောက်တနေ့မနက်မှာ သမိုင်းဝင်တကသအဆောက်အဦလည်း ဖြိုဖျက်ခံခဲ့ရတာပါ။

Photo - MPA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up