close

ထိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃ သိန်းကျော်၊ အာရှကူးစက်မှုအမြင့်ဆုံးအဆင့် ၂၂ ဖြစ်လာ

ထိုင်းနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၆,၅၁၉ ယောက်နဲ့ သေ ဆုံးမှုအသစ် ၅၄ ယောက် ရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။

ကူးစက်မှုအသစ်တွေထဲမှာ ၅၅ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင် တွေက ဖြစ်ကာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာပြီး ဆေး ရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၄,၁၄၈ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်ထိ နိုင်ငံတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၃၀၁,၁၇၂ ယောက်၊ သေဆုံးသူစုစုပေါင်း ၂,၃၈၇ ယောက်နဲ့ အာရှဒေသတွင်းနိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံးအဆင့် ၂၂ နေရာမှာ ရှိနေတာပါ။

အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံ တွေပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၇ သိန်း ၉ သောင်းကျော်၊ သေဆုံးသူပေါင်း ၅,၆၀၀ ကျော်နဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ အမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။

ဒေသတွင်း ကူးစက်မှု အမြင့်ဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာတော့ လတ်တလော ကို ဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံက ကူးစက်ခံရသူပေါင်း ၁ သိန်း ၇ သောင်းကျော်နဲ့ ပါဝင်လာခဲ့ပါတယ်။  

ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၈၅ ဒသမ ၃၈ သန်းကျော်၊ သေဆုံးသူပေါင်း ၄ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်း သက်သာလာ သူပေါင်း ၁၆၉ ဒသမ ၇၂ သန်းကျော် ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up