မန္တလေးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် သံသယရှိသူ ၁၅ ဦး သေဆုံး

မန္တလေးမြို့မှာ ဇူလိုင် ၁၀ ရက်က နန်းတွင်းမှာ ၁ ဦး အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ သံသယရှိသူတွေ ၁၅ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းထံက သိရပါတယ်။
မန္တလေးဆေးရုံကြီး ရင်ခွဲရုံမှာ ၆ ဦး၊ နန်းတွင်းရင်ခွဲရုံမှာ ၁ ဦး၊ အလုပ်သမားဆေးရုံမှာ ၂ ဦး၊ ရပ်ကွက်တွေထဲမှ ကိုဗစ်ရောဂါသံသယနဲ့ သေဆုံးသူ ၃ ဦးတို့ကို ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အေးရိငြိမ်ဘာသာပေါင်းစုံ သုသာန်သို့ ကူညီပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့ပါတယ်။
ဒါအပြင် ကန်တော်နဒီဆေးရုံမှ ၁ ဦး၊ ရပ်ကွက်တွေထဲက ကိုဗစ်ရောဂါသံသယနဲ့ သေဆုံးသူ ၂ ဦး တို့ကိုလည်း အေးရိပ်ငြိမ်ဘာသာပေါင်းစုံသို့ ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့က ကူညီပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့ပါတယ်။
မန္တလေးမြို့မှာ ကိုဗစ်-၁၉ ရောဂါနဲ့ ဇူလိုင် ၉ ရက်မှာ သေဆုံးသူ ၂၂ ဦး၊ ဇူလိုင် ၈ ရက်မှာ သေဆုံးသူ ၂၄ ဦး၊ ဇူလိုင် ၇ ရက်မှာ သေဆုံးသူ ၁၄ ဦးရှိခဲ့ပါတယ်။
အဆိုပါ သေဆုံးသူအရေအတွက်ဟာ မြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ အချက်အလက်တွေသာဖြစ်ပြီး စာရင်းမသိရှိရဘဲ ကိုဗစ်ကြောင့် သေဆုံးသူတွေလည်း ရှိနိုင်ပါတယ်။
Photo - ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့