close

ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ၁ သန်းကျော်၊ ကမ္ဘာတဝန်း သန်းချီကူးစက်ခံ ၂၉ နိုင်ငံရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ သန်းကျော်လာခဲ့ပြီး နောက် ကမ္ဘာတဝန်း သန်းချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၂၉ နိုင်ငံထိ ရှိလာပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ ၁၈၇ ဒသမ ၄ သန်းကျော်၊ သေ ဆုံးသူ ၄ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ ၁၇၁ ဒသမ ၃၆ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၄ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၆ သိန်း ၂ သောင်းကျော် ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၃၀ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၄ သိန်းကျော်နဲ့ ရှိနေပါတယ်။

တတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉ သန်းကျော်၊ သေဆုံးသူ ၅ သိန်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ပြင်သစ်၊ ရုရှား၊ တူရကီနဲ့ ယူကေနိုင်ငံတွေက ကူးစက်ခံရသူ ၅ သန်းကျော်စီ၊ အာဂျင်တီးနား၊ ကိုလံဘီယာနဲ့ အီတလီနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်းကျော်စီ၊ စပိန်၊ ဂျာမနီနဲ့ အီရန်နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ ပိုလန်၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ ယူကရိန်း၊ တောင်အာဖရိကနဲ့ ပီရူးနိုင်ငံတွေက ကူးစက်ခံ ရသူ ၂ သန်းကျော်စီ ရှိနေပါတယ်။

အဲဒီနောက်မှာတော့ နယ်သာလန်၊ ချက်သမ္မတနိုင်ငံ၊ ချီလီ၊ ဖိလစ်ပိုင်၊ အီရတ်၊ ကနေဒါ၊ ဘယ်လ်ဂျီယမ်၊ ဆွီဒင်၊ ရိုမေးနီးယားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော် လာခဲ့ပြီဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်း ကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၉ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၉ သောင်း ၂ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၁၀၁ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အီရတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ ပြီးပါက ပါကစ္စတန်နိုင်ငံက ရောဂါကူးစက်ခံရသူ ၉ သိန်းကျော်၊ အစ္စရေး၊ မလေးရှားနဲ့ ဂျပန်နိုင်ငံတွေက ၈ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၉၂,၂၁၃ ယောက်၊ သေဆုံးသူ ၃,၈၃၈ ယောက်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၃ သိန်း ၃ သောင်းကျော်နဲ့ သေဆုံးသူ ၂,၇၀၀ ကျော် ရှိနေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်း ၂ ထောင် ကျော်နဲ့ သေဆုံးသူအရေအတွက် ၃၆ ယောက်ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၆ သောင်းကျော်နဲ့ သေဆုံးသူ ၉၀၂ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂ သောင်း ၈ ထောင်ကျော်နဲ့ သေဆုံးသူ ၁၁၂ ယောက် ရှိနေပြီး လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၇၀၀ ကျော်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

ဘရူနိုင်းနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံရသူ ၂၆၈ ယောက် ရှိနေပြီး သေဆုံးသူအ ရေအတွက် ၃ ယောက် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up