ကာလီဖိုးနီးယားပြည်နယ်တွင် တောမီးအကြီးအကျယ်လောင်ကျွမ်းနေ

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မြောက်ပိုင်းနဲ့ နီဗားဒါး ပြည်နယ် နယ်စပ်နားတလျှောက်မှာ သီတင်းပတ်ကုန်ရက်က တောမီးဟာ အဆမတန် ကြီးထွားလာလို့ မဖြစ်မနေ ဘေးကင်းရာ ရွှေ့ပြောင်း ကြဖို့ အမိန့်ထုတ်ထားရပါတယ်။
ဘက်ခ်ဝါ့သ်ကွန်းပလက်စ်မှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ ပြီးခဲ့တဲ့ သောကြာနေ့ စနေ ၂ ရက်အတွင်း အရွယ်အစား နှစ်ဆ ကြီးလာခဲ့တာပါ။
လက်တလော မြေ ဧက ၆၁၀၀၀ ကိုမီးလောင်ကျွမ်းနေပြီး တောမီးရဲ့ ၉ ရာခိုင်နှုန်းလောက်ကိုသာ ထိန်းချုပ် နိုင်ပါသေးတယ်။
ဒီတောမီးဟာ ကာလီဖိုးနီးယားပြည်နယ်အတွင်း လောင်ဖူးသမျှ အကြီးဆုံး တောမီး ဖြစ်လာပါတယ်။ မိုးကြိုးပစ်ရာက တောမီးစတင် လောင်ကျွမ်းတာလို့ ယုံကြည် ထားကြပြီး ပြည်နယ်တလွှား တခြားနေရာတွေမှာလည်း တောမီးအတော်များများ လောင်ကျွမ်းနေ ကြပါတယ်။