close

ထိုင်းတွင် မျိုးဗီဇပြောင်း ဒယ်လ်တာကိုဗစ်-၁၉ ကူးစက်ခံရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး သေဆုံး

ထိုင်းနိုင်ငံအလယ်ပိုင်းမှာ မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ၇ လ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အသက် ၃၄ နှစ်အရွယ် အဆိုပါ အမျိုးသမီးဟာ မနေ့က ဇူလိုင် ၁၂ ရက်မှာ သေဆုံး သွားခဲ့တာဖြစ်တယ်လို့ ခရိုင်ကျန်းမာရေးအကြီးအကဲ ဒေါက်တာ ဆူရိယ ခူဟာရတ်က ပြောပါတယ်။

ဒေသတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံသူအရေအတွက်ကတော့ ၃,၄၈၈ ယောက် ရှိလာခဲ့ပြီဖြစ်ကာ သူတို့ထဲက ၉၀၇ ယောက်ကတော့ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ၁၁ ယောက်ကတော့ သေဆုံးခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ ဒေသတွင်း ကိုဗစ်-၁၉ ကြောင့် ၁၁ ယောက်မြောက် သေဆုံးသူဖြစ်လာခဲ့ပြီး သူဟာ ၂၈ ပတ်မြောက် ကိုယ်ဝန်လွယ်ထားရသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်ကတော့ အဆိုပါ အမျိုးသမီးဟာ ရင်ဘတ်အောင့်ပြီး အသက် ရှုရခက်တဲ့ ပြသနာကြောင့် ဖရာချွတ်ခီရိခန်ဆေးရုံကို ဆေးကုသမှုခံယူဖို့ ရောက်လာခဲ့ချိန် မှာ မျိုးဗီဇပြောင်း ဒယ်လ်တာကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံထားခဲ့ရတာကို တွေ့ရှိခဲ့ရ တာလို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ ပိုမိုဆိုး ရွားလာခဲ့ပြီး သေ ဆုံးသွားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

တကျော့ပြန် ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ မျိုးဗီဇ ပြောင်း အယ်လ်ဖာနဲ့ ဒယ်လ်တာပေါင်းစပ် ကိုဗစ်-၁၉ ဗိုင်းရပ်စ် အသစ်တမျိုး ထပ်မံတွေ့ ရှိခဲ့ရတယ်လို့ ဆေးသိပ္ပံဌာနက ထုတ်ပြန်ထားပါတယ်။

ဒီဗိုင်းရပ်စ်အသစ်ကိုတော့ မြို့တော်ဘန်ကောက်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တ ခုက အလုပ်သမား ၇ ယောက်မှာ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၃ သိန်းခွဲကျော်ရှိနေခဲ့ပြီဖြစ်ကာ သေဆုံးသူ ပေါင်း ၂၈၀၀ ကျော် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up