close

ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၀၀၀ ကျော်၊ အကျဉ်းထောင်များမှ ၁၀၀ ကျော်ပါဝင်

ထိုင်းနိုင်ငံမှာ ဇူလိုင် ၁၀ ရက်နေ့ တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၉,၅၃၉ ယောက်၊ သေဆုံးသူ ၈၆ ယောက်နဲ့ စံချိန်တင်ခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကူးစက်မှုအသစ်တွေထဲမှာ ၁၀၃ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင်တွေက ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်ထိ နိုင်ငံတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၃၃၆,၃၇၁ ယောက်၊ သေဆုံးသူစုစုပေါင်း ၂,၇၁၁ ယောက်နဲ့ အာရှဒေသတွင်းနိုင်ငံတွေထဲ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၂၁ နေရာမှာ ရှိနေတာပါ။

အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံ တွေပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၈ သိန်းကျော်၊ သေဆုံးသူ ပေါင်း ၆,၀၀၀ ကျော်နဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ အမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။

  ဒေသတွင်း ကူးစက်မှု အမြင့်ဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာတော့ လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံက ကူးစက်ခံရသူပေါင်း ၁ သိန်း ၈ သောင်းကျော်နဲ့ ပါဝင်လာခဲ့ပါတယ်။

ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၈၇ ဒသမ ၂၇ သန်းကျော်၊ သေဆုံးသူပေါင်း ၄ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာ သူပေါင်း ၁၇၁ ဒသမ ၂၅ သန်းကျော် ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up