ပေါင်းတည်တွင် ကိုဗစ်-၁၉ လူနာ ၂ ဦး သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ ရောဂါကူးစက်မှုမြင့်တက်နေပြီး ဇူလိုင် ၁၃ ရက် မနက်ပိုင်းက ကိုဗစ်-၁၉ လူနာ ၂ ဦး ပထမဆုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီမနက် သေဆုံးသွားသူ ၂ ဦးမှာ အသက် ၄၅ နှစ်အရွယ် လူလတ်ပိုင်းအမျိုးသားနဲ့ အသက် ၈၀ ကျော်အရွယ် အဘွားအိုတဦးတို့ဖြစ်ပါတယ်။
သေဆုံးသူ လူလတ်ပိုင်းအမျိုးသားမှာ သွေးတိုးရောဂါအခံရှိကာ၊ ဆေးရုံက သီးသန့်လူနာဆောင်မှာ ထားရှိကုသရင်း သေဆုံးခဲ့တာဖြစ်ပြီး၊ အဘွားအိုကတော့ ပန်းနာရင်ကြပ်ရောဂါအခံရှိကာ အသက်ရှူကြပ်လာလို့ နေအိမ်ကနေ ဆေးရုံလာပြစဉ် သေဆုံးခဲ့တာလို့ စစ်ဆေးရာက ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့တာလို့ သိရပါတယ်။
ပေါင်းတည်မြို့နယ်မှာ ဒီနေ့ ဇူလိုင်လ ၁၂ ရက်နေ့ မနက်ပိုင်းအထိ ရောဂါပိုးကူးစက်ခံသူ ၉၂ ဦးအနက် သေဆုံးသူ ၂ ဦးရှိကာ ဆေးရုံဆင်းသူ ၁၈ ဦးရှိပြီကြောင်း သိရပါတယ်။