close

ဝိုင်းမော်တွင် ကိုဗစ်လူနာတစ်ဦး ထပ်မံသေဆုံး၊ အတည်ပြုလူနာ ၁၀၀ ကျော်လာ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဇူလိုင် ၁၃ ရက်နေ့မနက်က ကိုဗစ်လူနာအမျိုးသမီးတစ်ဦး ထပ်မံသေဆုံးပြီး ပိုးတွေ့အတည်ပြုလူနာ ၁၀၀ ကျော်အထိ ရှိလာခဲ့ပြီလို့ မြို့နယ်ကုသရေးဦးစီးဌာနကနေ သိရပါတယ်။

သေဆုံးသွားသူဟာ ခတ်ချိုကျေးရွာအထက်ပိုင်းက အသက် ၅၉ နှစ်အရွယ် အမျိုးသမီးကြီးဖြစ်ပြီး သွေးတိုးရောဂါအခံရှိကာ ပိုးတွေ့ရှိခဲ့ပြီးနောက် ဇူလိုင် ၇ ရက်နေ့ကတည်းက မြို့နယ်ဆေးရုံမှာ တက်ရောက်ကုသပေးခဲ့တာဖြစ်ပါတယ်။ 

ဆေးရုံတက်နေစဉ်မှာလည်း ကိုဗစ်ကြောင့် ဖျားနာ၊ ချောင်းဆိုး၊ မောပန်းတာတွေရှိခဲ့ပြီး တောက်လျှောက်အောက်ဆီဂျင်ပေးကုသနေစဉ်မှာ အမောဖောက်သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

ဇူလိုင် ၁၂ ရက်ည ထုတ်ပြန်ချက်အထိ ဝိုင်းမော်မြို့နယ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာ ၁၁၃ ဦးနဲ့ သေဆုံးသူ ၂ ဦး ရှိနေပြီဖြစ်ပါတယ်။

အတည်ပြုလူနာအများဆုံး တွေ့ရှိခဲ့တဲ့ မခန်းတီးကျေးရွာကိုလည်း ဇူလိုင် ၈ ရက်နေ့ကတည်းက ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသွားအလာကန့်သတ် (လော့ဒေါင်း) ပြုလုပ်ထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up