close

ယင်းမာပင်တွင် ကိုဗစ်ပိုး​တွေ့လူနာများလာသဖြင့် ​နေရာနှင့်​ဆေးစစ်မှုအပိုင်း အခက်အခဲ​ဖြစ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ကိုဗစ်-၁၉ ပိုး​တွေ့လူနာ များပြား​နေတာ​ကြောင့် ​နေရာ အခက်အခဲဖြစ်နေပြီး Test Kit မလုံလောက်တာကြောင့် ​ဆေးစစ်ဖို့လာသူ အားလုံးကိုလည်း စစ်မ​ပေးနိုင်ဖြစ်​နေတယ်လို့ သိရပါတယ်။

လူမှုကူညီ​ရေးအသင်း တာဝန်ရှိသူတစ်ဦးက ​"​ဆေးရုံကြီးမှာ​တော့ ဆရာဝန်ကြီးအပါအဝင် ကျန်းမာ​ရေးဝန်ထမ်း ၇ ဦး​လောက်ပဲရှိတာဆို​တော့ ​ဆေးစစ်မှုအပိုင်းက​တော့ ​နေ့တိုင်းလုပ်မ​ပေးနိုင်တာ​တွေ့ရသလို ပိုး​တွေ့လူနာ ထားစရာ​နေရာလည်း အခက်အခဲ​တွေဖြစ်​နေတာ​တွေ့ရတယ်” လို့ ​ပြောပါတယ်။ 

ဒါ့အပြင် ​အောက်ဆီဂျင်အခက်အခဲ​နဲ့ လူနာတွေကို ​ဆေးရုံ​၊ ဆေးခန်း​တွေကို သွားပို့ရာမှာလည်း လက်မခံတာကြောင့် အခက်အခဲကြုံနေကြတယ်လို့ ဆိုပါတယ်။

“မုံရွာ​​မြို့မှာသွားရင်လည်း လက်မခံတာ​တွေရှိ​တယ်။ စစ်​ဆေးတဲ့​နေ့​မှာလည်း ၆၇ ဦး စစ်​ဆေးတုန်းက ၄၀ ​ကျော်ပိုး​တွေ့​နေတာဆို​တော့ စစ်​ဆေးတဲ့ဦး​ရေ ထက်ဝက်​ကျော်​က ပိုး​တွေ့​နေတာ။ စစ်​ဆေးတဲ့ Test Kit အလုံအ​လောက်မရှိတာနဲ့ လုပ်​ပေးတဲ့သူ နည်းတာ​ရောဆို​တော့ အများကြီးမစစ်နိုင်ကြဘူး။ များများစစ်ရင် များများ ပိုး​တွေ့နိုင်မှာ​ပေါ့။ ကျ​နော်တို့သိရ​သ​လောက် နေအိမ်​တွေမှာတင် ​သေဆုံးသွားတဲ့သူ ၆ ဦး​လောက်ရှိပြီး နယ်​တွေဘက်မှာလည်း အသက်ရှုကြပ်ပြီး ​သေဆုံး​နေတာ​တွေ ​တွေ့​နေရတယ်။"

ယင်းမာပင်​မြို့နယ် ပြည်သူ့ဆေးရုံမှာ ၅ ရက် ၁ ကြိမ် ကိုဗစ်​-၁၉ ပိုးစစ်​ဆေးမှု ပြုလုပ်နိုင်ပြီး လက်ရှိအချိန်ထိ ဆေးရုံမှာ ကိုဗစ်-၁၉ ပိုး​တွေ့လူနာ ၈၀ ဝန်းကျင်ရှိတာကြောင့် ​နေရာအကျပ်အတည်းဖြစ်​နေတာလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up