လာရှိုးမြို့တွင် အောက်ဆီဂျင်စက်တပ်ဆင်နေ





ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက် (၁၂) ၊ လေယာဉ်ကွင်းလမ်း၊ လေယာဉ်ကွင်းအနီး အရင် ဆီစက်ဝင်းနေရာမှာ တစ်နေ့ကို အောက်ဆီဂျင်အိုး ၁၀၀ လောက်ထုတ်လုပ်နိုင်တဲ့ အောက်ဆီဂျင် စက်တစ်လုံး ဇူလိုင် ၁၄ ရက်က စတင် တပ်ဆင်နေပါတယ်။
လားရှိုးပြည်သူ့ဆေးရုံကြီးမှာလည်း အောက်ဆီဂျင်စက် တပ်ဆင်နေပြီး ဇူလိုင် ၁၆ ရက်မှ စတင်လည်ပတ်နိုင်ဖို့ စီစဉ်နေပါတယ်။
လာရှိုးပြည်သူ့ဆေးရုံကြီးမှာ တပ်ဆင်နေတဲ့ အောက်ဆီဂျင်စက်ဟာ တစ်နေ့လျှင် အောက်ဆီဂျင်အိုး အလုံး ၃၀ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။
လာရှိုးမြို့မှာ မြို့လူထုပိုင်ငွေနဲ့ အောက်ဆီဂျင်ထုတ်လုပ်ရေးစက်သစ်တွေ တပ်ဆင်ဖို့လည်း စီစဉ်နေတာတွေ ရှိပါတယ်။
Photo - Ko Thaung Lwin