close

အလှမယ် ဟန်လေး၊ နှင်းသွေးယုအောင်၊ ခေတ်လင်းလက်ယွန်းတို့ ကိုဗစ်-၁၉ ကူးစက်ခံထားရ

       မြန်မာအလှမယ်တွေ ဖြစ်ကြတဲ့ ဟန်လေး၊ နှင်းသွေးယုအောင်နဲ့ ခေတ်လင်းလက် ယွန်းတို့ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

       ၂၀၁၅ ခုနှစ် မယ်စကြဝဠာမြန်မာအလှမယ် 1st Runner Up ဆုရှင် ဟန်လေး(ခ) နန်းရွှေအေးကတော့ အခုလ ၅ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ပရိသတ်တွေကို ခုလို အသိပေးမျှဝေထားပါတယ်။

       “ဟန်လေး ဒီလ ၅ ရက်နေ့ကစပြီး COVID positive ဖြစ်ပါတယ်။ အခုဆို ၁၀ ရက်ရှိ ပါပြီ။ အနံ့၊ အရသာပျောက်သွားတာတော့ ၄ ရက်ရှိပါပြီ။ ဖြစ်ဖြစ်ချင်းတုန်းက အရမ်းလဲ ကြောက်တယ်။ မိသားစုရဲ့အဝေးမှာ တယောက်ထဲ နေတာဆိုတော့ အားလဲ ငယ်တယ်။ စိုးရိမ်စိတ်တွေလဲ ဖိစီးတာပေါ့နော်။ 😥 ဒါပေမယ့် ကြောက်နေရုံနဲ့ မပြီးဘူးလေ။ အသက် ဆက်ရှင်ဖို့ ကိုယ်တိုင်လုပ်မှ ရမယ်ဆိုတဲ့ စိတ်နဲ့ အားတင်းနေရပါတယ်။ ဆရာဝန်နဲ့ သေ ချာတိုင်ပင်ပြီး ညွှန်ကြားတဲ့ ဆေးတွေ သောက်တယ်။ အားရှိအောင် အစားတွေ စားတယ်။ ညကို ပုံမှန်အိပ်တယ်။ အောက်စီဂျင်နဲ့ သွေးပေါင်ချိန် ပုံမှန်တိုင်းတယ်။ အနံ့ အရသာ မရတော့တဲ့ အချိန်မှာဆို ဝမ်းနည်းလွန်းလို့ တယောက်ထဲ ငိုရင်းနဲ့ ကြိတ်မှိတ်ပြီး မရမကစားတယ်”

       နောက်ထပ် အလှမယ်တယောက်ဖြစ်တဲ့ ၂၀၁၈ ခုနှစ် မယ်စကြဝဠာမြန်မာ အလှ မယ်သရဖူဆုရှင် နှင်းသွေးယုအောင်ဟာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။

       လတ်တလောမှာတော့ သူဟာ သရုပ်ဆောင်မင်းသား ဒေါင်းနဲ့အတူ ဇာတ်လမ်းတွဲ တခုရိုက်ကူးဖို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတာပါ။

သူတို့ ၂ ယောက်လုံးဟာ ထိုင်းနိုင်ငံမှာ "From Chaophraya to Ayeyarwaddy"-“ကျောက်ဖယားမှ ဧရာဝတီသို့”ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ရောက်ရှိနေတာဖြစ်ကာ ဇာတ် လမ်းထဲမှာတော့ ထိုင်းနဲ့ မြန်မာအနုပညာရှင်တွေ တွဲဖက် သရုပ်ဆောင်သွားကြမှာ ဖြစ် တယ်လို့ သိရပါတယ်။

       လတ်တလောမှာတော့ ရောဂါကူးစက်ခံထားရပေမယ့် သူ့အနေနဲ့ စိတ်ဓာတ်ကျ ခြင်းမရှိဘဲ ခွန်အားအပြည့်နဲ့ကျန်းမာစွာနေထိုင်နေတာဖြစ်လို့ ပရိတ်သတ်တွေ စိတ်မပူကြဖို့လည်း ပြောထားပါတယ်။

       ဒါ့အပြင် ၂၀၁၉ ခုနှစ် မယ်ကမ္ဘာမြန်မာအလှမယ် သရဖူဆုရှင် ခေတ်လင်းလင်ယွန်း ဟာလည်း အခုလဆန်းပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

       သူဟာ လက်ရှိမှာတော့ ကုသမှုခံယူနေရပြီး သေချာကာကွယ်နေတဲ့ကြားထဲကနေ  ကူးစက်ခံရတာကြောင့် အားလုံးလည်း အထူးဂရုစိုက်ကြဖို့ တိုက်တွန်းစကားဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ခုရက်ပိုင်းတွေအတွင်း ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ် စိပ်စိပ်ဖြစ်နေခဲ့ပြီး  မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားဖို့ စစ်ကောင်စီက ကြေညာထားတဲ့အပြင် ပိုးတွေ့နှုန်း များတဲ့ မြို့နယ်တွေကိုလည်း Stay At Home မြို့နယ်တွေအဖြစ် ကန့်သတ်ထားပါတယ်။

       တနိုင်ငံလုံးအတိုင်းအတာနဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ တည်ပြုလူနာ စုစုပေါင်း ၂၁၂,၅၄၅ ယောက်နဲ့ သေဆုံးသူပေါင်း ၄,၃၄၆ ယောက် ရှိနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up