ဗာရန်းနှင့် ထရစ်ပီယာ ၂ ဦးလုံးကို ခေါ်ယူနိုင်ရန် မန်ယူနိုက်တက်အသင်း နီးစပ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဗာရန်းနဲ့ အက်သလက်တီကို နောက်ခံလူ ထရစ်ပီယာတို့ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့သိရပါတယ်။
ပြင်သစ်နောက်ခံလူ ဗာရန်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့ပေမယ့် ပေါင်သန်း ၅ဝ လောက် ပေးချေရနိုင်တယ်လို့ ဆိုပါတယ်။
အင်္ဂလန်ညာနောက်ခံလူ ထရစ်ပီယာကိုတော့ ပေါင် ၁၈ သန်းခန့်နဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ၂ ဦးပေါင်းအတွက် ပေါင် ၆၈ သန်း လောက် အသုံးပြုရမယ်လို့ သိရပါတယ်။
နည်းပြဆိုးလ်ရှားကိုယ်တိုင်ကလည်း ခံစစ်ပိုင်းကို ဖြည့်တင်းနိုင်ဖို့ ရည်မှန်းထားပြီး ဗဟိုခံစစ်မှာ မက်ဂွိုင်းယားနဲ့ ဗာရန်းအတွဲကို အသုံးပြုလိုတယ်လို့ ဆိုပါတယ်။
ညာနောက်ခံလူနေရာအတွက်တော့ ဝမ်ဘစ်ဆာကာ ရှိပေမယ့် တိုက်စစ်ကိုပိုပြီး အထောက်အကူပြုနိုင်တဲ့ ထရစ်ပီယာကို ဆိုးလ်ရှားက ခေါ်ယူလိုနေတာဖြစ်ပါတယ်။
Express သတင်းစာရဲ့အဆိုအရတော့ ယူနိုက်တက်ဟာ ဗာရန်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီလို့ ဖော်ပြပါတယ်။